(၃) အသုံးမကျသော မွေးသဖခင်

1.6K 291 41
                                    

Burmese Translation of {Heroic Wife Rebirth} by Author Mei Guo.

(၃) အသုံးမကျသော မွေးသဖခင်
_________

ဘုရင်​ ရှန်းကျုံး တံခါးပေါက်​ဝကနေ ဝင်​လိုက်​ရုံရှိသေး၊ သူ့ချစ်​သမီးလေးက ချစ်​လှစွာသော မိဖုရားလေးကို ဂုတ်​ကဆွဲပြီး ခွေးသေကောင်​ ပစ်​သလို လွှင့်​ပစ်​လိုက်​တာကို တွေ့လိုက်​ရလေတယ်​။ မြင်​မြင်​ချင်းကို သူ့ခမျာ အံ့သြမင်​သက်​သွားလိုက်​ရတာ။ 'ဘာဖြစ်​နေတာလဲ၊ တစ်​ယောက်​ယောက်​ ကျန်းကို လာရှင်းပြပါလား...'
[ကျန်း - ငါကိုယ်​တော်​ ဘုရင်​မင်းမြတ်​]

ကျောင်းမိဖုရားလည်း ပြူတင်းပေါက်​ကနေ လွင့်​ထွက်​ပြီးနောက်​ ခေါင်းပေါ်မှာ စာကလေးနှစ်​ကောင်​ လာပျံနေတာ မြင်​လိုက်​သေးတယ်​။ ပြီးတော့မှ သတိလစ်​သွားတော့တာ။ သိပ်​မကြာပါဘူး၊ ခန္ဓာကိုယ်​တစ်​ခု ရေကန်​ထဲ ပြုတ်​ကျတဲ့ အသံကပါ လိုက်​လာတယ်​။ တဒင်္ဂလောက်​ တိတ်​ဆိတ်​ငြိမ်​သက်​ပြီးသွားတဲ့နောက်​မှာတော့ နန်းဆောင်​တော်​ အပြင်​ဘက်​ကနေ ကျွတ်​ကျွတ်​ညံအောင်​ အသံတွေ ထွက်​လာပါတော့တယ်​။

"အား... ကျောင်းမိဖုရား ရေထဲ ကျသွားပြီ...!"

"အာား... မယ်​မယ့်​ကို ကယ်​ကြပါဦး...!"

"အာာား... ကျောင်းမိဖုရား ရေနစ်​နေလို့...!"

ဘုရင်​ ရှန်းကျုံး အသိတရား ပြန်​ဝင်​မိတဲ့ အချိန်​မှာတော့ ခြေလှမ်းကျဲကြီးတွေ သုံးလှမ်းလောက်​ လှမ်းပြီး ပြူတင်းပေါက်​နားကို သွားတယ်​။ ရေကန်​ပြင်​ကို လှမ်းကြည့်​လိုက်​တယ်​။ နောက်​တော့ သူ အခုလေးတင်​ မျက်​မြင်​တွေ့လိုက်​ရတဲ့ အဖြစ်​တွေကို ပြန်​ပြောင်းစဉ်းစားရင်း ကြက်​သီးထနေမိတော့သတဲ့။ ယွီးရှောင်​ရှောင်​ကတော့ သူမရဲ့ လူသတ်​ရန်​ကြံစည်​မှု အထမမြောက်​လိုက်​တာကို သိလိုက်​ရလို့ မျက်​မှောင်​တောင်​ ကျုတ်​သွားမိတယ်​။ ကျောင်းမိဖုရားကို ကိုင်​ပေါက်​လွှင့်​ပစ်​လိုက်​တုန်းက အပြင်​ဘက်​မှာ ရေကန်​တစ်​ခု ရှိနေသေးတာကို သူမ မေ့သွားခဲ့တာကိုး။ 

အာဂချစ်​ဇနီး ပြန်​လည်​မွေးဖွားခြင်းWhere stories live. Discover now