(၈) နီးကျောင်းနှင့် ဖခင်၏ အဆိပ်ပြင်းသော အကောက်ကြံမှု

460 60 2
                                    

Burmese Translation of {重生之悍妻} by Author Mei Guo.

Translator - No_Coz

(၈) နီးကျောင်းနှင့် ဖခင်၏ အဆိပ်ပြင်းသော အကောက်ကြံမှု
_________

ဒီတစ်ခေါက် အဖြစ်က ကျောင်းမိဖုရားကို နံရိုး သုံးချောင်းနဲ့၊ ဘယ်ခြေသလုံးက အရိုးတစ်ချောင်းကျိုးသွားစေခဲ့တယ်။ နန်းတွင်းသမားတော်ကြီး အမြင်မှာတော့ သူမ အတွင်းဒဏ်ရာ ဒီလောက်နည်းနည်းလေးပဲ ရပြီး အသက်ရှင်နိုင်တာ တော်တော် ကံကောင်းလို့ပဲ။ ကျောင်းမိဖုရား စိတ်မှာတော့ သူမ မျက်နှာမထိခိုက်သွားတာ ကံကောင်းမှုကြီးပဲ။ မိန်းမတစ်ယောက် အဆင်းမလှပါဘဲ နန်းတော် မောင်းမဆောင်မှာ ဘယ်လိုလုပ် အသက်ဆက်လို့ ရပါ့မလဲ။ ရှန်းကျုံးဘုရင်နဲ့ နှစ်ပေါင်းများစွာ အတူနေလာပြီးနောက်မှာ ဒီဘုရင်ရဲ့ စိတ်သဘောထားကို သူမ နားလည်တာပေါ့။ 

ကျောင်းမိဖုရား ဒဏ်ရာရနေတာကြောင့် မင်းကြီးကို အလုပ်အကျွေး အခစား မပြုနိုင်တော့ဘူး။ ဒီဘုရင်က သူ့ရင်ခွင်ထဲမှာ မိန်းမလှလေးမှမရှိရရင် ကဏာမငြိမ်ဖြစ်တတ်တဲ့ လူစားပဲ၊ အဲ့ဒီတော့ တခြား မောင်းမတွေဆီ ရောက်သွားပါလေရော။ ဒါပေမဲ့ ဒီအချက်ကပဲ ကျောင်းမိဖုရား သူမရဲ့ ဖခင် အမတ်ချုပ်ကြီး ကျောင်းချိုးမင်နဲ့ တွေ့ဖို့ အခွင့်ရေးဖန်လာပေးခဲ့တယ်။ ပထမ မင်းသမီး အဆင့်အတန်းအနိမ့်ခံပြီး ကုမျိုးနွယ်ထဲ လက်ထပ်မယ်ဆိုတဲ့ သတင်းက ညီလာခံ အမတ်တွေ၊ အရာရှိတွေ ကြားမှာ တုန်လှုပ်ဖွယ် အံသြဖွယ် ဖြစ်သွားခဲ့တာ အခုဆို သုံးရက်မြောက်ပဲ။ အခုချိန်မှာ ကျောင်းချိုးမင် ဇနီးဖြစ်သူနဲ့အတူ သမီးကို လာတွေ့တာပေါ့။

မိဖုရားကို ဂါရဝပြုပြီးတာနဲ့ ကျောင်းချိုးမင် ပူညံပူညံလုပ်တော့တယ်။ "မယ်မယ်ဖုရား၊ မင်းသမီးက ဒီလိုမျိုး လက်ဆက်မင်္ဂလာပြုတော့ ကုမျိုးနွယ်တွေ သေဒဏ်က လွတ်သွားပါတော့မယ်၊ မယ်မယ့်မောင်လေးက ကုရှင်းလန်ရဲ့ အကျိုးဆောင်မှုကို လိမ်လည် အမည်ဝင်ယူထားတာနော်၊ ကုချန် ရန်သူနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စာသက်သေကလဲ သူ့တဲထဲကို ဒီအဖေက ဝင်ထည့်ထားတာ... ဒီလျို့ ဝှက်ချက်တွေ ပေါ်ပေါက်သွားရင် အဖေတို့ရဲ့ ကျောင်းမျိုးနွယ်ရော မိဖုရားပါ တန်ပြန်ထိမယ်နော၊ မယ်မယ်ဖုရား ဘာဖြစ်လို့ ဒီထိမ်းမြားခြင်းကို တိုက်တွန်း သဘောတူလိုက်ရတာလဲ"

အာဂချစ်​ဇနီး ပြန်​လည်​မွေးဖွားခြင်းWhere stories live. Discover now