(၆) ကု တတိယသခင်လေး

654 72 5
                                    

Unicode ver. ကို TaeRa_Pandora မှာ ရှာကြည့်​ပါ။

Burmese Translation of {Heroic Wife Rebirth} by Author Mei Guo.

Translator - Jas_astra

(၆) ကု တတိယသခင်လေး
____________________________

ဝမ်မောမောမှာ သူမရဲ့ မင်းသမီးလေးအစား ခါးခါးသီးသီးငိုကြွေးလေရဲ့။ နောက်တော့မှ သူမ စိတ်ဓာတ်ကို ပြန်စုစည်းပြီး ကြွေးကြော်လေတယ်။ "မင်းသမီးလေး၊ အရှင်မင်းကြီးကပြောပြီးပြီဆိုမှတော့ ကျွန်မတို့ ဘာတစ်ခုမှပြောင်းလဲနိုင်တော့မှာမဟုတ်ဘူး"

"အင်းလေ၊ ရှင် ဘာလိုချင်သေးလို့လဲ"

ဝမ်မောမောက မျက်ရည်တွေကို သုတ်လိုက်တယ်။
"ကုမျိုးနွယ်က ခုလက်ရှိ ဘာမှမရှိတော့ဘူး၊ ဒါကြောင့် ကျွန်တော်မျိုးမ မင်းသမီးလေးအတွက် ခန်းဝင်မင်္ဂလာပစ္စည်းတွေ ကောင်းကောင်းပြင်ဆင်ပေးပါ့မယ်"

"ကောင်းပြီ" ယွိရှောင်ရှောင်က အလျင်စလိုထပ်ပြောလိုက်တယ်။ "ကောင်းကောင်း ပြင်ဆင်ပြီးတော့ ဒီကနေ ယူသွားလို့ရတာမှန်သမျှ ယူလာခဲ့ဦး" အရင် ယွိလင်းလုံ ပြေးလွှားနေခဲ့ရတုန်းက ပိုက်ဆံလေးနည်းနည်း မရှိမချင်း အငတ်ခံခဲ့မိတယ်။ ယွိရှောင်ရှောင်ကတော့ ဒီလိုတုံးအအ အမှားမျိုး ထပ်လုပ်တော့မှာ မဟုတ်ဘူး။

ဝမ်မောမောက ရင်ဘတ်ကိုပုတ်ကာ ယွိရှောင်ရှောင်ကို ကတိပေးလိုက်တယ်။ "မင်းသမီးလေး စိုးရိမ်ဖို့မလိုပါဘူး၊ ကျွန်တော်မျိုးမတစ်ယောက်လုံး ရှိပါသေးတယ်...!"

တစ်ဖက်မှာတော့ မိဖုရားကျောင်း မတော်တဆမှုဖြစ်​ပြီးနောက်မှာ သူမအား မိုးသောက်ယံနန်းတော်ဆီ ချက်ချင်း ပြန်ပင့်ဆောင်သွားကြလေတယ်။ နန်းတွင်းသမားတော်တစ်ယောက်က သူမကို အသိစိတ်ပြန်ဝင်အောင် ကူညီပေးပေမဲ့ သူမက ငိုယို အသနားခံတာကလွဲ ဘာမှမလုပ်နိုင်အောင် အားနည်းနေတယ် ပြောတာပဲ။ "အရှင်မင်းမြတ်၊ နတ်ရွာစံ မိဖုရားခေါင်ကြီးက စိတ်မချနိုင်ဘူးဖြစ်နေတယ်ထင်ပါရဲ့...!"

"ဒါတွေနဲ့ပတ်သတ်ပြီး ချစ်လှစွာသောမိဖုရား ဘယ်လိုခံစားရသလဲ"

အာဂချစ်​ဇနီး ပြန်​လည်​မွေးဖွားခြင်းOnde as histórias ganham vida. Descobre agora