Ep-20(Uni+Zaw)

3.8K 580 16
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

"တော်ပါတော့ မလုပ်ကြပါနဲ့"
ကောင်းရဲ့ ရင်ကိုအစိမ်းလိုက်ဓားနှင့်ခွဲနေသလို ခံစားရသည်။ ဘူးထဲ၌ သိမ်းဆည်းထားခဲ့သည့် တစ်ပွင့်တည်းသော ခေါင်ရမ်းပန်းလေးကဲ့သို့ နှလုံးသားကကြေမွနေလေပြီ။ ကောင်လေး နာကျင်ရတာကိုမြင်နေရတာ သူ့အတွက်တော့ အရှင်လတ်လတ် ငရဲအိုးထဲသွားနေရသလိုပင် ပူလောင်လွန်းလှသည်။ ဘာလို့ ခိုနားရာမရှိတဲ့ သူကိုမှ ကိုယ်ချင်းစာနာမှုမရှိဘဲ ရက်စက်ကြတာလဲ။ ကောင်းရဲ့ အမေကိုယ်တိုင်ပါ၀င်နေတော့ ကောင်း ရင်ထဲပြောမပြတတ်အောင်ပင်။

"ကောင်း လာစမ်း"
ရုန်းကန်နေသည့်ကောင်းကို မေမေကဖမ်းချုပ်ကာ အပြင်ကိုဆွဲခေါ်သွားသည်။

"မသွားဘူး၊ လွှတ်ကျွန်တော့်ကိုလွှတ် အားး"
အားနှင့်ရုန်းကန်သမျှ ဘာမှအရာမ၀င်။ ဘယ်အရာက ကောင်းရဲ့ တွန်းလှန်ဖို့ခွန်အားတွေကိုလျော့ကျစေတာလဲ။ ကောင်လေးရဲ့ ကူကယ်ရာမဲ့မျက်၀န်းတွေလား၊ နာကျင်လို့အော်ငြီးသံတွေလား။ သူ့မှာ ဘာအပြစ်ရှိလို့ဒီလိုတွေ လုပ်နေကြရတာလဲ။

"ဖွင့် တံခါးဖွင့် မေမေ့ သားကိုတံခါးဖွင့်ပေး၊ ဒါသားအခန်းနော်!"
ကောင်း တံခါးကိုအပြင်ဖက်က‌နေ သေလောက်အောင် တအုံးအုံးနဲ့ထုနေပေမဲ့ အထဲက ကောင်လေးရဲ့ အော်သံတွေကလွဲ တုံ့ပြန်သံမကြားရ။ ကောင်လေး တစ်ခါအော်လိုက်တိုင်း ကောင်းရဲ့နှလုံးသားကို ‌ဆူးတစ်ချောင်းနဲ့တစ်ခါ လာထိုးနေသလိုပင် ခံစားရသည်။

"တော်ကြပါတော့ သူ့မှာဘာအပြစ်မှမရှိပါဘူး!"
မျက်နှာပေါ်က အငန်ရည်များကို လက်နှစ်ဖက်ဖြင့်
ပွတ်သုတ်ပစ်လိုက်ကာ တံခါးကို အားအင်ကုန်သုံးပြီး ထုရိုက်နေမိသည်။ လက်ဖ၀ါးက အနီရည်များကလည်း အဆက်မပြတ်။ ကိုယ်ခန္ဓာက နာကျင်မှုက ရင်ထဲကနာကျင်မှုကို မမီပါ။

"ကောင်း စိတ်လျော့ မင်းလက်တွေလည်း ပေါက်ပြဲနေပြီ"

သူ့ကိုအရေးမလုပ်ဘဲ တံခါးကိုသာ တဒုန်းဒုန်းနဲ့ထုနေသည့် ကောင်းကို‌ကြည့်ကာ စိတ်မကောင်းမိ။ လက်ဖဝါးမှာလည်း သွေးများက ယိုစိမ့်ထွက်နေလေပြီ။ ဒါကိုရော သူသတိပြုမိရဲ့လား။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now