Ep-2(Uni+Zaw)

7.5K 1K 30
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်…

ကောင်း အခန်းထဲတွင် အိပ်နေရင်း ဘေးနားကနေ
တချွပ်ချွပ်နဲ့ အသံတွေကြားနေရသည်။ ညကြီးမိုးချုပ် အပြင်မှာ မိုးတွေကလည်း တခြိမ်းခြိမ်းနှင့်ပင်။ မိုးခြိမ်းသံကြောင့် ထိုအသံကို ဘယ်ဆီကမှန်း မသိပါ။ ပြတင်းပေါက်မှန်ကနေလည်း လျှပ်စီးလက်နေတာကို မြင်နေရသေးသည်။ ကောင်းက မီးပိတ်ပြီးမှ အိပ်တတ်တော့ အခုလောလောဆယ် အခန်းထဲ၌လည်း မီးကို အကုန်မှိတ်ထားသေးသည်။ ကိုယ့်ဘေးနားက ဘာရှိသည်ဆိုတာပင် မမြင်နိုင်ပါ။ လျှပ်လက်မှ မျက်တောင်တမှိတ်စာ အချိန်လောက်သာ အခန်းကလင်းလက်သွားသည်။

ကောင်းမီးဖွင့်ကာ နာရီကြည့်မိတော့ ၁၂ခွဲ၊ သန်းခေါင်ရောက်နေပြီ။ အခုချိန်ထိ အိပ်မပျော်သေးပါ။ ဘေးတစောင်း အိပ်ရင်လည်း ကိုယ့်ရဲ့နောက်ကျောကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုလိုနဲ့။ တစ်ခါတလေဆို ကြက်သီးများပင် ထသည်။

ကောင်း အိပ်မပျော်မယ့်အတူတူ စာထဖတ်လိုက်သည်။ စာအုပ်‌ကတော့ ဟိုတစ်ခါ ဖေဖေ့ စာအုပ်စင်က ယူလာသော ကင်ဆာနှင့် ပတ်သက်သည့် စာအုပ်ပင်။ ဘေးနားက မန္တလေးလမ်းညွှန့်စာအုပ်ရဲ့ အထူလောက်ရှိသည့် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကလည်း မပါမဖြစ်။ ကောင်းက ဆေးပညာမှာဆို ကင်ဆာကို ပိုပြီးစိတ်၀င်စားသည်။ အထူးသဖြင့် သွေးကင်ဆာပေါ့။ ဘာလို့စိတ်၀င်စားတာလဲဆို ကောင်း မဖြေတတ်ပါ။ လူတစ်ယောက်က တစ်စုံတစ်ရာကို အကြောင်းပြချက်မပေးဘဲ ကြိုက်နှစ်သက်ခွင့် ရှိတယ်မဟုတ်လား။

အခုအခန်းထဲ၌ စာကြည့်မီးအိမ်လေး တစ်ခုသာ ထွန်းထားသည်။ စာဖတ်ရင်း ဈာန်၀င်သွားမိတာ နာရီကြည့်လိုက်တော့ ၃နာရီပင်။ မိုးကလည်း အညှိုးရှိသလားဟု ပင်ထင်ရအောင် ဆက်တိုက်ရွာနေလေရဲ့။ ဘေးနားကအသံတွေကလည်း တဖြည်းဖြည်းပို၍ပင် ကျယ်လာသ‌ယောင်။ တချပ်ချပ်တချွတ်ချွတ်နှင့် ဘာအသံတွေမှန်းမသိပါ။ တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရတာတော့ မပြောင်းလဲပါ။ ကောင်းမျက်လုံးကလည်း ဆန္ဒပြနေလေပြီ။ ကောင်း အားလုံးကိုလျစ်လျူရှုပြီး အိပ်ပျော်သွားခဲ့သည်။ ထိုနေ့ည၍ အသံများသည် အိပ်မက်ထဲထိပင် ပါလာခဲ့သည်။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now