Ep-9(Uni+Zaw)

4.9K 823 29
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

ကောင်း ညတည်းက အိပ်မပျော်တာ အခုဆို မနက်၃နာရီတောင်ခွဲနေပြီ။ အိပ်ရာပေါ်မှာ လူးလိမ့်နေမိတာ။ ကောင်လေးကတော့ နေရာမရွေ့‌ပေ။ ခုတင်ထောင့်လေးမှာပဲ ကုတ်ကုတ်လေး ခေါင်းငုံ့ထားလေရဲ့။ ဖေဖေထွက်သွားပြီးတည်းက နှစ်ယောက်လုံး ဘာစကားမှ ထပ်မပြောတော့ပါ။

ကောင်းလည်း ကိုယ်တိုင်ကိုက စိတ်ညစ်နေတာကြောင့် စကားမစမိ။ ဘာကိုအစချီပြောရမှန်းလည်း မသိပါ။
ဖေဖေ ပြောသွားခဲ့တဲ့ စကားကသာ ခေါင်းထဲ ခေါက်တုံ့ခေါက်ပြန် ကြားယောင်နေမိသည်။
'စတင်လိုက်တဲ့ အရာအားလုံးကို အဆုံးထိ တာ၀န်ယူဖို့ အတွေးရှိမှ စတင်သင့်တယ်' တဲ့လား။

ဒါဆို သူက‌ရော ဘာတွေကို စတင်ထားပြီး ဘာတွေကို အဆုံးသတ်ဖို့ရှိ‌နေတာလဲ။ သူ့ဘ၀မှာ စတင်ချင်ရုံ သက်သက်နဲ့တော့ ဘယ်တော့မှ ပေါ့ပြက်ပြက် မတွေးခဲ့ မလုပ်ခဲ့ပါ။

ဒေါက်..ဒေါက်..
"သားရေ ထတော့ဟေ့..သားရေ သား"

ဖေဖေ တံခါးလာခေါက်တော့ ကောင်း ခပ်ယိုင်ယိုင်နဲ့ ထဖွင့်ပေးလိုက်သည်။ မျက်လုံးထောင့်ကနေ လျှပ်တပြက် မြင်လိုက်ရတဲ့ ဆက်ခနဲတုန်သွားတဲ့ ခန္ဓာကိုယ်လေးကိုလည်း ဥပေက္ခာပြုရင်းပေါ့။ ဘာတွေဒီလောက်ကြောက်လန့်နေရတာလဲ ကောင်လေးရာ။

"သားနိုးနေတာလား ဒါဆိုလည်း ရေချိုး၊ ပြီးရင်
တပတ်စာလောက်၀တ်ဖို့ ထုပ်ခဲ့နော်"

"ဟုတ်"
နိုးနေတာ မဟုတ်ဘဲ အခုထိမအိပ်ရသေးတာကိုတော့ မပြောပြဖြစ်လိုက်။ ပြီးတော့ တပတ်စာဆိုတော့လည်း ထုပ်လိုက်ရုံပေါ့ ငြင်းပယ်ခွင့်အပြည့်အ၀မှ မရှိသေးတာ။

ကောင်းရေချိုး အ၀တ်အစားလဲပြီးသည်ထိ ကောင်လေးက ထိုနေရာမှ မရွေ့သေး။ ဘာမှမပြောတော့ဘဲ ယူဖို့အ၀တ်အစားတွေသာ ထုတ်နေလိုက်သည်။ တကယ်တမ်း ပြောရရင် မိဘတွေနဲ့ ဒီလိုစိတ်၀မ်းကွဲတာကလည်း ကောင်လေးရဲ့ ပယောဂ မကင်းဘူးမလား။

"ကို..ကို"
နောက်ကနေ အသံပိစိလေးနဲ့ ခေါ်နေသော ကောင်လေးပါလေ။ ဒီလူက ဒါတွေကြောင့် ဘယ်လိုစိတ်မျိုးနဲ့စိတ်ဆိုးရက်တော့မှာလဲ။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Donde viven las historias. Descúbrelo ahora