Ep-8(Uni+Zaw)

4.9K 886 29
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

ကောင်းပြောလိုက်သည့် စကားကြောင့် ကောင်း၀ဏ္ဏတစ်ယောက် ဆိုင်ကယ်ကို လျှပ်တပြက် ရပ်တန့်လိုက်မိသည်။ မရပ်ဘဲ ဆက်သွားနေရင် အကုန်တိုက်မိတော့မှာ။ အခုတောင် သူ့လက်တွေ တုန်ရီနေပြီလေ။

"မင်းဘာလို့ရပ်လိုက်တာလဲ"

"ကောင်း မင်း တကယ်ပြောနေတာလား"

"အေး ဟုတ်တယ်လေ ‌မင်းကနောက်နေတယ်ထင်လို့လား"

ကောင်း၀ဏ္ဏတစ်ယောက် ဘာဆက်ပြောရမှန်းမသိအောင်ထိ စွန့်အသွားရသည်။ ကောင်းတို့ အိမ်ထဲမှာ သရဲတစ်ကောင် ရောက်နေတယ်တဲ့လား။ ပြီးတော့ ကောင်းကိုယ်တိုင်က သူ့ကိုလက်ခံထားတာတဲ့။

"ကောင်း မင်းရူးနေတာလား"

"ဟက်..မင်း ကိုယ်တိုင်ကအဲ့လိုပြောမှတော့ ဟုတ်ချင်လည်းဟုတ်မှာပေါ့၊ ဒါပေမယ့် အခုငါ့လိုအရူးတစ်ယောက်ကိုတော့ သနားသောအားဖြင့် အိမ်ထိ‌ရောက်အောင် လိုက်ပို့ပေးလို့ရမလား"

"ငါက အဲ့လိုပြောတာ မဟုတ်ရပါဘူးကွာ"
ကောင်း၀ဏ္ဏတစ်ယောက် အလွန်အားနာသွားရသည်။ ကိုယ့်ကို ယုံကြည်လို့ လျှို့ဝှက်ချက်ကို ထုတ်ပြောပြတဲ့သူတစ်‌‌ယောက်ကိုမှ အရူးလို့သွားပြောမိလေခြင်း။

လမ်းတလျှောက် နှုတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။
နှစ်ယောက်စလုံး၏ ရင်ထဲ၌တော့ အတွေးကိုယ်စီဖြင့်သာ။

ကောင်း အိမ်ရှေ့ရောက်ရောက်ခြင်း ဆိုင်ကယ်ပေါ်ကနေ အမြန်ဆင်းလိုက်သည်။ အခုချိန်မှာ ဘယ်သူ့ကိုမှ မျက်နှာချင်းဆိုင် စကားမပြောချင်ပါ။ ကိုယ့်ရဲ့ သူငယ်ချင်းအရင်းကြီးက ကိုယ့်ကိုအရူးလို့ပြောတယ်ဆိုတော့လေ ဟက်..ကိုယ်ကိုယ်တိုင်ကိုက တကယ်ပဲရူးနေတာဖြစ်မှာပေါ့။

"ဟေ့ နေဦးလေ ငါရောမင်းနဲ့တူတူနေပေးမယ် မင်းအိမ်မှာတစ်ယောက်တည်းမလား"
ခြံသော့ဖွင့်နေတုန်း နောက်ကကောင်က လှမ်းပြောတော့ ကောင်းလှည့်မကြည့်ဘဲ..

"တော်စမ်းပါကွာ ငါ့ကိုအရူးတစ်ယောက်လို့ပြောတဲ့ ကောင်က ငါ့အနားနေလည်း ငါရူးနေတယ်ဆိုတဲ့ဟာက ပြောင်းလဲမသွားဘူး" ဟုခနဲ့ပြောလိုက်သည်။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now