Unicodeခေါင်ရမ်းတစ်ပွင့် မှသည်...
"သားရေ လျှောက်မသွားနဲ့လေ၊ ညီမလေးကို ဒီပြန်ခေါ်ခဲ့"
မေမေတို့ အလုပ်ရှုပ်နေတုန်း ကောင်းရဲ့ တစ်၀မ်းကွဲ ညီမလေးနဲ့ အဆောင်ရဲ့ ညာဖက်က အပင်ကြီးတွေအောက်မှာ အတူတူလာဆော့ပေးနေခြင်းဖြစ်သည်။ ကောင်းတို့ကို မတွေ့တော့လို့ မေမေကတော့ လှမ်းခေါ်နေပြီ။
ဒီနေ့က ကောင်းတို့အဘိုး ဆုံးပါးသွားတာ ဆယ်နှစ်ပြည့်တဲ့နေ့ဖြစ်သည်။ အဲ့တာကြောင့် မေမေတို့ညီအမတွေက အဘိုးကိုရည်စူးပြီး အဘိုးကို မြေမြုပ်တဲ့ သင်္ချိုင်းနားလေးမှာရှိတဲ့ ဘုန်းကြီးကျောင်းလေးမှာ အလှူလေးတစ်ခုပြုလုပ်ခြင်းဖြစ်သည်။ ကောင်းကတော့ အဘိုးကို သေချာမမှတ်မိပါ။ မှတ်ဉာဏ်ထဲ၌ ဝိုးတဝါးဝါးသာ။
"ညီမလေးရေ မေမေခေါ်နေပြီ၊ ကိုကိုတို့သွားကြရအောင်နော်"
ကောင်းက တစ်ဦးတည်းသော သားဖြစ်တာကြောင့်
မေမေ့ရဲ့ ညီမအငယ်ဆုံးလေးက မွေးသည့် ဒီညီမလေးကိုတော့ အရမ်းချစ်သည်။ ညီမလေးကလည်း ချစ်မွေးပါသည်လေ။ ပြုံးလိုက်ရင် ပါးချိုင့်လေးတွေကို ခွက်လို့။ ပါးဖောင်းဖောင်းလေးတွေကလည်း ကုန်းကိုက်ချင်စရာလေး၊ ပေါက်ဆီလေးတွေနှင့်ပင် တူလှသည်။"ဟင့်အင်း မသွားချင်သေးဘူး၊ သမီးဆော့ချင်သေးတယ်"
လက်ကလည်း အောက်မှာကျနေသည့် ပန်းပွင့်ကြွေတွေကို တစ်ပွင့်ချင်းဆီ ရေတွက်နေသည်။"ညီမလေးကလည်း ကိုကိုတို့ ခဏနေမှ ပြန်လာဆော့လို့ရတယ်လေ၊ အခုတော့ ဘုန်းဘုန်းတို့ကို အရင် ဦးတော်သွားလုပ်ရဦးမယ်လေနော်၊ မလုပ်ရင် ညီမလေး ငရဲကြီးမှာပေါ့"
ဆံပင် ဂုတ်ဝဲလေးတွေကို ဖွပြီး ချော့ပြောလိုက်ရသည်။ မဟုတ်ရင် ဆက်ဆော့နေဦးမှာ။"ဟင့် မရဝူးလို့၊ မသွားချင်၀ူး၊ ဆော့ဦးမှာလို့ဆို"
ငြင်းဆန်နေသည်မှာ ဝိုင်းစက်နေသည့် မျက်လုံးတွေက
မျက်ရည်လေးတွေပင် ဝဲလာသည်အထိ။"ညီမလေးက မဆိုးရဘူးလေ၊ ဟိုမှာတွေ့လား အောက်နားလေးမှာ ချောင်းလေးရှိတယ်၊ ညီမလေးဘုန်းဘုန်းကို ဦးတော်လုပ်ပြီးရင် ကိုကြီးတို့ အဲ့နားသွားဆော့မယ်လေ ဟုတ်ပြီလား၊ အဲ့နားကပန်းတွေလည်း ညီမလေးအတွက် ခူးပေးမယ်လေ"
ကောင်းတို့ထိုင်နေသည့် နေရာမှ လှမ်းကြည့်လျှင် အောက်ဖက်မြေနိမ့်ပိုင်းလေးမှာ ရှိသော ချောင်းလေးကို ညွှန်ပြရင်း ချော့ပြောလိုက်ရသည်။
YOU ARE READING
ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)
Fantasyသင်္ချိုင်းမြေ၌ ပေါက်ရောက်နေသည့် ခေါင်ရမ်းပင်မှ ခေါင်ရမ်းပန်းလေးတစ်ပွင့်တွင် မှီခိုနေထိုင်နေသော အဖော်မဲ့ ဝိညာဉ်လေးတစ်ခု... ထိုပန်းလေးကို ခူး၍ အိမ်သို့ယူဆောင်သွားသော ကောင်လေးတစ်ယောက်... ဝိညာဉ်လေးက ထိုကောင်လေးနောက် တစ်ကောက်ကောက် လိုက်နေတဲ့အခါမှာတော့...