သူသက်ပြင်းချလိုက်ရင်း busyပဲနှိပ်ချပစ်လိုက်သည်။ သူမပျော်နေပါ။ ဒီနေ့တစ်နေကုန်မပျော်နေပါ။ မနှစ်ကမွေးနေ့တုန်းက ပျော်ခဲ့ရသလောက်ဒီနှစ်မွေးနေ့မှာတော့စိတ်တွေရှုပ်နေတာပဲသိသည်။

ညနေရုံးဆင်းတော့လည်း လွယ်နေကျအိတ်လေးကိုသိုင်းလွယ်ရင်းကုမ္ပဏီရှေ့သို့လေးပင်စွာလမ်းလျှောက်ရင်းထွက်လာတော့ ကုမ္ပဏီရှေ့မှာကားရပ်ရင်းကားအပြင်ကနေထွက်စောင့်နေသည့်Soobinကိုတွေ့လိုက်ရသည်။ သူ့ကိုတွေ့တော့ စိတ်ပူတကြီးသူ့အနားပြေးလာသည့်Soobinကိုသူမျက်လုံးချင်းဆုံအောင်မကြည့်မိ။

"Hyung! Yeonjunie hyung..ဘာလို့ဖုန်းမကိုင်တာလဲ?? မောင်ဘယ်လောက်တောင်စိတ်ပူလိုက်ရလဲ?"

"ငါမင်းနဲ့မတွေ့ချင်လို့Soobin"

သူပြောလိုက်တော့ ဝိုင်းစက်သွားသည့်မျက်ဝန်းတွေကနားမလည်နိုင်စွာ။ သူ့လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လာရင်း သူနဲ့အကြည့်ချင်းစုံရန်ကြိုးစားနေသူကိုဒီတခါတော့သူတန်ပြန်စိုက်ကြည့်ပေးလိုက်သည်။

"ဘာလို့လဲHyung... ဟင်...? မောင့်ကိုပြောလေ...ဘာဖြစ်ခဲ့လို့လဲ?တစ်ခုခုဖြစ်ခဲ့တယ်မလားဟင်?"

သူ့အကြောင်းကိုဆိုသူ့ထက်ပိုသိနေတတ်သည့်ဒီကောင်လေးကိုလိမ်လို့မရမှန်းသူသိပါသည်။ မသိတော့ဘူး။ ချစ်ပေမဲ့ မတူညီတဲ့ဘဝနှစ်ခုပေါင်းစပ်ဖို့ကလုံးဝမဖြစ်နိုင်ဘူးမလား။ အမြဲတမ်းသူတစ်ယောက်တည်းနေခဲ့ရတာတောင်ပင်ပန်းနေခဲ့ရတာ။

Soobinကအခုလာမဲ့ရွေးကောက်ပွဲမှာပါဝင်မည့် နာမည်ကြီးအမတ်လောင်းတစ်ဦးရဲ့သား။ ဂုဏ်ရောအသိုင်းအဝိုင်းရောအားလုံးပြီးပြည့်စုံနေတဲ့သူဌေးသားတစ်ယောက်။ သူ့လိုလူတစ်ယောက်နဲ့ပေါင်းဖက်ဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့သူတစ်ယောက်။

"Yeonjunie hyung! အဲ့လိုကြီးမနေပါနဲ့ မောင့်ကိုတစ်ခုခုပြောစရာရှိနေတယ်မလား..ဟင် တစ်ခုခုပြန်ပြောစမ်းပါ မောင်ဘာအမှားလုပ်မိလို့လဲ?"

"မင်းဖြစ်နေတာကိုကမှားတာSoobin..."

သူစိတ်ပျက်စွာပြောလိုက်သည့်ခပ်တိုးတိုးစကားသံနောက်တွင် အံဩထိတ်လန့်သွားသည့်မောင့်မျက်ဝန်းတွေ...

𝗟𝗶𝘁𝘁𝗹𝗲 𝗗𝗼 𝗬𝗼𝘂 𝗞𝗻𝗼𝘄Where stories live. Discover now