(( 4 ))

617 107 17
                                    

Unicode

ဒီနေ့တော့မနက်သန့်ရှင်းရေးဂျူတီမရှိသည်မလို့ ကျောင်းသို့ပုံမှန်ချိန်ထက်အနည်းငယ်နောက်ကျမှထွက်လာခဲ့လိုက်သည်။

ထူးဆန်းစွာပင်ဘတ်စ်ကားမှတ်တိုင်သို့သူရောက်တော့ သူ့အားအမြဲစောင့်နေတတ်သည့်တစ်စုံတစ်ယောက်ကိုတော့ဖြင့် Yeonjunမတွေ့။

နောက်များကျနေသည်လားဟုတွေးကာစိတ်ပူစွာဖြင့် စောင့်ကြည့်ပေးမဲ့လည်းဘတ်စ်ကားရောက်သည်အထိရောက်မလာသူကြောင့် သူလည်းမတတ်နိုင်ပဲကျောင်းသို့အရင်ထွက်လာလိုက်တော့သည်။

တွေးကြည့်ရလျှင် သူကအပိုတွေသပ်သပ်စိတ်ပူနေမိသည်မဟုတ်ပါလား။ အိမ်ကကြိုပ်ို့တဲ့ကားလာနိုင်နေသူဟာ အမြဲတော့ဘတ်စ်ကားကိုတိုးဝေ့ပြီးစီးနိုင်မည်တဲ့လား...

တဖန်ထိုသ်ို့တွေးလိုက်မိတော့ တချိန်ကမောင်ကသူနဲ့တူတူဘတ်စ်ကားနဲ့တိုးဝေ့ကာစီးရင်းကျောင်းတက်ခဲ့သည်မဟုတ်ပါလား။ သူနဲ့အတူတူရှိနေရရင်ပျော်တယ်ဆိုတဲ့စကားကို အမြဲပြောခဲ့ဖူးသည့်မောင်....

ကျောင်းရောက်ပြီးစာသင်ချိန်တွေတချိန်ပြီးတချိန်အပြီး နေ့လည်ထမင်းစားချိန်သို့ရောက်လာသည့်တိုင်သူရှိရာရပ်ဝန်းသို့ တဝဲလည်လည်ရောက်လာတတ်သည့်Soobinကို တစ်နေကုန်မတွေ့ရသေးသည်မလို့ Yeonjunမနေတတ်တော့။

ဘယ်လိုပဲSoobinရှေ့မှာ စိမ်းကားပြနေပါစေ မသိချင်ယောင်တောင်ကာမပက်သက်ချင်ဟန်ပြနေပါစေ တကယ်စိတ်ရင်းကိုတော့ကိုယ်ကိုယ်တိုင်သာအသိဆုံးမဟုတ်ပါလား။

"ဒီနေ့ဟိုအမတ်သားကောင်လေးကိုမတွေ့မိဘူးနော် ဟိုမှာသူ့သူငယ်ချင်းတွေမလား? "

Taehyunကခပ်လှမ်းလှမ်းမှကန်တင်းထဲသို့ဝင်လာသည့်ကောင်လေးနှစ်ယောက်ကိုလှမ်းကြည့်ရင်းဆိုလာသည်မလို့သူပါလှမ်းကြည့်မိလိုက်သည်။

Beomgyuနဲ့Huening Kai။

ထိုနှစ်ယောက်ကိုလည်းမောင်နှင့်စပ်လျဉ်း၍ Yeonjunကောင်းကောင်းသိနေပါသည်။

Beomgyu နှင့်Soobinက မူကြိုကတည်းကတူတူကြီးပြင်းခဲ့ကြသည့်ငယ်ပေါင်းတွေဖြစ်သည်ဟု သူ့အားBeomgyuနှင့်ပထမဆုံးအကြိမ်မိတ်ဆက်ပေးတုန်းက မောင်ကပြောခဲ့ဖူးသည်။

𝗟𝗶𝘁𝘁𝗹𝗲 𝗗𝗼 𝗬𝗼𝘂 𝗞𝗻𝗼𝘄Where stories live. Discover now