Unicode
ဒိုဂျူးတောင်ခြေသို့ရောက်ကြတော့ နေ့လည်စောင်းနေပြီဖြစ်သည်။ ရောက်ရောက်ချင်းပဲ ကိုယ့်အုပ်စုနှင့်ကိုယ်Campလေးတွေနေဖို့ပြင်ကြရသည်မလို့ Yeonjunလည်း Taehyun နှင့်ကားပေါ်ကဆင်းကတည်းကမတွေ့ဖြစ်သေး။
သူနှင့်Wooyoungကတဲထိုးဖို့ပြင်သည်မလို့ ဂျူနီယာနှစ်ယောက်ဖြစ်သည့်Soobinနှင့် Jungwooကပစ္စည်းအထုတ်တွေချတာကိုကူရသည်။
"ကလေးတွေ နောက်နာရီဝက်နေတာနဲ့တောင်ပေါ်စတက်မယ်။ ကိုယ့်Groupနဲ့ကိုယ် အစဉ်လိုက်တစ်ဖွဲ့စီစထွက်ကြမယ် အားလုံးအသင့်ပြင်ကြ"
အားကစားဆရာ၏သတိပေးသံအဆုံးcampပြင်ဆင်တာတွေအပြီးသတ်ကြကာ တောင်ပေါ်သို့စတက်ဖို့ပြင်ကြရသည်။
"Jun မောနေပြီလား? ရော့ ရေနည်းနည်းသောင်ထားလိုက်အုံး အပေါ်ရောက်ဖို့ကလိုသေးတယ်"
တောင်တက်ရင်း ခရီးတထောက်နားကြတော့Wooyoungကသူထိုင်နေသည့်နားသို့ရောက်လာကာ ရေဘူးကမ်းပေးလာသည်။
သူ့ရေဘူးကတဲထိုးတုန်းကတဲထဲထားခဲ့မိလားမသိ။ ရေဘူးပါမလာသည့်အပြင် ရေကအတော်လေးဆာနေပြီဖြစ်သည်။ထို့ကြောင့်မငြင်းနေတော့ပဲ Wooyoungလက်ထဲကရေဘူးလေးယူပြီးသောက်လိုက်သည်။
"ကျေးဇူးပဲ Wooyoung ah"
"မလိုပါဘူးကွာ"
သူနဲ့Wooyoungလဲဘာမှဆက်မပြောဖြစ်တော့ပဲ အမောဖြေနေစဉ် Soobinအနားသို့အပြေးလေးရောက်လာသည့်Beomgyu။
"Soobin ahမင်းအဆင်ပြေရဲ့လား?"
သူတို့ကိုတော့ဖော်ဖော်ရွေရွေမရှိလှပေမဲ့ ခေါင်းငြိမ့်ပြရုံတော့လှမ်းနှုတ်ဆက်သည်။
"မလိုက်ပါနဲ့လို့ပြောတဲ့ဟာကို ခေါင်းမာနေတာ။ ရော့ ဖျော်ရည်သောက်လိုက်။ ကိုယ့်အခြေအနေကိုယ်သိရဲ့သားနဲ့ကို ကျစ်"
Beomgyuကသူ့သူငယ်ချင်းအားအားမလိုမရဖြင့် စိတ်ပူစွာတတွတ်တွတ်ရေရွတ်နေသည်ကို ကြားတော့Yeonjunလဲနားရွတ်လေးတွေထောင်သွားကာ ခပ်လှမ်းလှမ်းမှာရှိနေကြသည့်Soobinတို့ဖက်သို့အကြည့်ပို့လိုက်မိသည်။
ကျောင်းကနေစထွက်လာကြကတည်းက မျက်နှာအနည်းငယ်ဖြူဖျော့နေတဲ့Soobinကိုသတိထားမိပေမဲ့ အခုတော့တောင်ပါတက်ကြရသည့်အခါ အားအင်ကုန်ခန်းကာလဲကျတော့မလို့အခြေအနေကိုပါတွေ့လိုက်
တာကြောင့် သူလဲအခုမှမြင်သွားကာစိတ်ပူသွားရတော့သည်။
CZYTASZ
𝗟𝗶𝘁𝘁𝗹𝗲 𝗗𝗼 𝗬𝗼𝘂 𝗞𝗻𝗼𝘄
FanfictionChoi Soobin ဘယ်အချိန်ပဲဖြစ်ဖြစ်Hyungကကျွန်တော့်ရဲ့ရွေးချယ်မှုပဲ Choi Yeonjun ချစ်ရတာသိပ်နာကြင်ရတာမလို့ ငါ့ဆီထပ်မလာပါနဲ့တော့Soobin ah... Choi Soobin ဘယ်အချိန်ပဲဖြစ်ဖြစ်Hyungကကျွန်တော့်ရဲ့ရွေးချယ်မှုပဲ Choi Yeonjun ချစ်ရတာသိပ်နာကြင်ရတာမလို့ ငါ့ဆီထပ်မလာ...