(( 2 ))

717 145 10
                                    

Unicode

ကျောင်းသန့်စင်ခန်းထဲကမှန်ထဲတွင်ပေါ်နေတဲ့ ကိုယ့်ကိုကိုယ်ကြည့်ရင်းမယုံကြည်နိုင်သေး။ အချိန်တွေတကယ်ပဲနောက်ကိုပြန်ရောက်သွားခဲ့သည်ပဲ။

ဘေစင်မှာမျက်နှာအပ်ရင်း ရေအေးအေးတွေနဲ့ပက်ကာမျက်နှာသစ်လိုက်တော့တဖန်ဝေဝါးစွာပြန်မြင်ယောင်နေသည့်အဖြစ်အပျက်တချို့။

တချိန်က ဒီနေ့ဒီရက်မှာဘတ်စ်ကားမှတ်တိုင်တွင်သူနဲ့မောင်ရဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုလေးရှိခဲ့ဖူးသည်။

မနက်အစောဖြစ်တာကြောင့် ဘတ်စ်ကားမှတ်တိုင်တွင်လူသိပ်မရှိသေး။ အထက်တန်းကျောင်းသားလေးနှစ်ယောက်ဖြစ်သည့် သူနဲ့Taehyunနှင့်သာ။

"တဆိတ်လောက်ပါခင်ဗျ ဆယ်ဝေါအထက်တန်းကျောင်းကိုဘယ်ကားစီးသွားရမလဲ? ကျွန်တော်လဲအဲ့ဒီကျောင်းကအထက်တန်းပထမနှစ်မလို့ မသွားဖူးလို့ပါ"

အပြုံးလေးတွေရိုကျိုးစွာပြောလာသည့် ကောင်လေးကိုYeonjunပထမဆုံးတွေ့ဆုံမှုကတည်းကသတိထားမိခဲ့သည်။

ထိုအချိန်ကစလို့မနက်တိုင်းသူနဲ့အတူဘတ်စ်ကားစီးကာကျောင်းသွားကျောင်းပြန်တူတူလုပ်ခဲ့ကြဖူးသည်။

"ကျွန်တော်နာမည်SoobinပါHyung Choi Soobinလို့ခေါ်ပါတယ်"ဆိုတဲ့မိတ်ဆက်စကားကိုသူ့ဖက်ကလည်း ထိုကောင်လေးအပေါ်လိုလိုလားလားနဲ့ တက်ကြွစွာပင်အပြုံးလေးတွေနဲ့ပြန်မိတ်ဆက်ခဲ့ဖူးသည်။

"Hyungနာမည်က Choi Yeonjunပါ...အကူအညီလိုတာရှိရင်ပြောနော်Soobinie"

တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုမှာကတည်းက တစ်ယောက်ဘဝထဲသို့တစ်ယောက်အပြုံးတွေနဲ့ကြိုဆိုခဲ့ကြသည်။

အတွေးတွေကလက်ရှိအချိန်ကိုပြန်ရောက်လာတော့ သက်ပြင်းမောတစ်ခုကိုချမိပြန်သည်။

သူမှတ်ဉာဏ်တွေဟာလည်းအိမ်မက်တစ်ခုလိုရှုပ်ထွေးနေခဲ့သည်။ အနာဂတ်ကသူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်တွေကမှေးမှိန်လာသည်။ အနာဂတ်ကမှတ်ဉာဏ်တွေဟာအိမ်မက်တစ်ခုလိုသူခံစားနေရသည်။

𝗟𝗶𝘁𝘁𝗹𝗲 𝗗𝗼 𝗬𝗼𝘂 𝗞𝗻𝗼𝘄Where stories live. Discover now