"ဟဲ့ ဇွဲလေး coffeeတစ်ခါဖျော်တာကြာလိုက်တာဟယ်.."
ဧည့်ခန်းထဲတွင် TVထိုင်ကြည့်နေသော တီလေးအော်သံကြားတော့မှ ဇွဲလေး ပျံ့လွင့်နေသောအတွေးများကို ပြန်စုစည်းလိုက်သည်.."ရပြီ ရပြီ တီလေး.."
ဇွဲလေး ကော်ဖီခွက်ကိုကိုင်ကာ တီလေးရှိရာ ဧည့်ခန်းသို့အပြေးအလွှား..
"ဟဲ့ ဟဲ့ ဖြည်းဖြည်း..ခလုတ်တိုက်ပြီး ကော်ဖီတွေငါ့အပေါ်မှောက်ကျကုန်ဉီးမယ်"
"ဟီးး.." ဇွဲလေး သွားလေးဖြီးပြရင်း တီလေးဘေးကSofaတွင်ဝင်ထိုက်လိုက်သည်..
တီလေးကတော့ ဇွဲလေး ချပေးသော ကော်ဖီခွက်ကိုယူ၍ ကော်ဖီတစ်ငုံသောက်လိုက်သည်..
"ဖြီးးး!! "
"ဟာ!!တီလေးး"
စက္ကန့်ပိုင်းအတွင်းမှာပင် တီလေး ပါးစပ်ထဲက သီးထွက်လာသော ကော်ဖီများသည် ဇွဲလေး မျက်နှာနှင့်ပြေး၍ မိတ်ဆက်လေတော့သည်...
"ဇွဲ သူ ရိ ယ!! နင့်ကော်ဖီကြီးက ငန်လှချည်လားဟဲ့"
တီလေး ပြောရင်း စားပွဲပေါ်တွင်တင်ထားသော ရေဘူးကိုယူ၍ အငန်ပြေစေရန် အလျင်အမြန်မော့သောက်လိုက်သည်..
"ဟုတ်လို့လား တီလေးရ..ကျနော် သေချာဖျော်လာပါတယ်" ဇွဲလေးပြောရင်း တီလေးရှေ့က ကော်ဖီခွက်ကိုဆွဲယူကာ လျှာလေးနှင့်လှမ်းတို့ကြည့်လိုက်သည်..
*အားပါးပါး ငန်တူးနေရောပဲ*"ဇွဲသူရိယရယ် ဘာတွေနမော်နမဲ့လုပ်လာပြန်တာလဲ"
"ကော်ဖီထဲ သကြားနဲ့ ဆား မှားထည့်မိတာဖြစ်မယ် အဟီး"
"ဆားပုလင်းက သေးသေးလေး..သကြားပုလင်းကအကြီးကြီးကိုမှားစရာလားဟ..ဆားတွေကို တစ်ပုလင်းလုံးများမှောက်ချလာသလားမသိပါဘူး"
ဇွဲလေး မျက်နှာငယ်လေးနှင့် ခေါင်းငုံ့၍သာနေလေသည်...
"နင်ဟာလေ တစ်နေ့လောက် နမော်နမဲ့မဖြစ်ရရင် မနေနိုင်ဘူးလား ဟမ်"
တီလေးမှာတော့ သက်ပြင်းတွင်တွင်ချရင်း ပြောနေလေသည်..
'ဒီတခါနမော်နမဲ့နိုင်တာမဟုတ်ဘူး တီလေးရေ..အတွေးတွေက ညနေကအချိန်ဆီပြန်ပြန်လည်သွားလို့ အယောင်ယောင်အမှားမှားတြွေဖစ်နေတာပါ'
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......