Part_1{ZG & Uni:}

16.4K 333 18
                                    

📢Both ZawGyi ad Unicode will include in each part..At the end of ZawGyi Font , you can read with Unicode Font💛

Love All...😘

~_~_~_~_~_~_~_~_~_~_~_~_~_~_~_~_

🔔 🔔 🔔 {ZawGyi Font}🔔 🔔 🔔

"တီ တီ တီ~~(Alarm Ring)"

Alarmသံကြားသော်လည်း ပြန်ပိတ်ကာ သူကြိတ်မှိတ်ပြီး ဆက်အိပ်နေလိုက်သည်...

ခဏအကြာ တံခါးခေါက်သံထွက်ပေါ်လာလေသည်...

"Knock!Knock! သားရေ..ဇွဲလေး..ထတော့လေ..
ဇွဲသူရိယ ၇နာရီထိုးနေပြီ ထတော့! "

တီလေး၏ "၇နာရီ ထိုးနေပြီ" ဟူသောအသံ၏ အဆုံးတွင်တော့ ကုတင်ပေါ်က စောင်ပတ်ထားသောလူထုပ်ကြီး "ဘုတ်!"ခနဲ ပြုတ်ကျလာလေသည်..

"အာာ..အရေးထဲ ဒီစောင်က ဖြည်လို့မရ..Interviewက၈နာရီစမှာနဲ့..မီပါ့မလားတောင်မသိ.." ဇွဲလေး ပွစိပွစိရေရွတ်ကာ bathroomထဲအမြန်ပြေးဝင်သွားလေသည်...

ဇွဲလေး နေသောတိုက်ခန်းနှင့် ယခုInterviewဖြေရမည့် Companyသည် YBSနှင့်သွားလျှင် ၁နာရီနီးပါးကြာလေသည်..

"ဒီအချိန်ဆို ရန်ကုန်မြို့ရဲ့ထုံးစံအတိုင်းကားကြပ်တာနဲ့ဆို ၁နာရီအတွင်းတောင်ရောက်ပါ့မလား.."ဇွဲလေး ညည်းညူမိသည်..

ဇွဲလေး ရေချိုးပြီး သင့်လျော်မည့်အ၀တ်အစားဝတ်ကာ နှဖူးပေါ်အုပ်ကျနေသော အညိုရောင်ဆံပင်များကို နောက်သို့သေချာလှန်တင်ဖြီးရသည်..

မဟုတ်ရင် အဲ့ဆံပင်တွေနဲ့ ကိုယ့်ရဲ့ဖောင်းနေတဲ့ပါး၂ဖက်နှင့် ဖြူဥနေသောအသားအရည်နဲ့ဆို ၂၃နှစ်အရွယ်နှင့်မလိုက်စွာ အထက်တန်းကျောင်းသား အရွယ်သာရှိမည်ထင်ကြသည်..
.နဂိုတည်းက မိမိအရပ်မှာလည်း ၅'၈"သာသာ...
၅'၈" မှာ မိန်းကလေးတွေနှင့်ယှဉ်လျှင်မပုသော်လည်း ကိုယ်နှင့်ရွယ်တူယောက်ျားလေးအများစုနှင့်ယှဉ်ရင်တော့ ကိုယ်ကပုနေလေသည်..

"အထက်တန်းကျောင်းသားလို့အထင်ခံရလည်းဘယ်တတ်နိုင်မလဲ ကိုယ်တွေကပုလို့နုနေတာကို.."
မှန်ထဲမှာပေါ်နေသော ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ကာ ချီးမွမ်းခန်းဖွင့်လိုက်သည်..

သို့သော် ဇွဲလေးမှာ သူ့၏ကလေးပုံစံထပ် ခန္ဓာကိုယ်တောင့်ဖြောင့်၍အရပ်မြင့်မြင့်နှင့်ယောက်ျားပီသသောသူများကိုတွေ့လျှင် အမြဲအားကျစွာ လည်ပြန်ငေးရမြဲ...

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now