Part-21 {Unicode}

2.2K 86 24
                                    

ဦးအဂ္ဂ ၏ အကူအညီနှင့် နောက်နေ့မနက်မှာပင် SunShineရဲ့ ရှယ်ယာစျေး ပုံမှန်အတိုင်း ပြန်ငြိမ်သက်သွားလေသည်...

"ဇွဲလေး ခွန်ကောင်း လာဦး.."

"ဟုတ်ကဲ့ အဖွဲ့မှူး!! "

အဖွဲ့မှူး ခေါ်သံအဆုံး ဇွဲလေး နှင့် ခွန်ကောင်းဆက် အလုပ်စားပွဲမှချက်ချင်းထကာ အဖွဲ့မှူးဆီသို့..

"ရော့ ခွန်ကောင်း ဒါကို ဒုဥက္ကဌ ဆီကိုသွားတင်ပြ..အရင်လရဲ့ လချုပ်စာရင်း ဒုဥက္ကဌက ပြန်ကြည့်ချင်လို့တဲ့..."

"ဟုတ်ကဲ့.."

"ဇွဲလေးက ဒီစာရင်း ဖိုင်ကို CEOကို လက်မှတ်ထိုးဖို့သွားတင်ပြလိုက်"

အဖွဲ့မှူး ၏ စကားသံအဆုံး ဇွဲလေး မျက်နှာကြီးရှုံ့မဲ့သွားသည်...
ဌာနအပြင်ဘက်ရောက်တော့ ဇွဲလေး အကြံရကာ..

"ခွန်ကောင်း ငါတို့ ဖိုင်ချင်းလဲ ရအောင်လေ...ငါ CEOဆီမသွားရဲလို့.."
မျက်နှာချိုသွေးကာပြောနေသော ဇွဲလေး၏ စကားကို ခွန်ကောင်းဆက်တစ်ယောက် အဓိပ္ပာယ်တစ်မျိုးကောက်လိုက်ကာ..

"ဒုဥက္ကဋ္ဌ နဲ့တွေ့ချင်တယ်လို့ပဲပြောလိုက်ပါလား..ဟွန့်..ရော့ ရော့"

ခွန်ကောင်းဆက်က ပြောရင်း ဇွဲလေး လက်ထဲက ဖိုင်နဲ့ ဖိုင်ချင်း လဲယူလိုက်သည်..

"ဟမ်..." ခွန်ကောင်းဆက် စကားကြောင့် ဇွဲလေး ကတော့ မျက်လုံးအဝိုင်းသား..

-ငါက CEOဆီမသွားရဲလို့ ဆိုပြီးပြောလိုက်တာပါ..သူက ဘယ်လိုဖြစ်ပြီး.....ထားပါလေ ဘာပဲဖြစ်ဖြစ် CEOဆီမသွားရတော့တာပဲ အဆင်ပြေပါတယ်..-

ဒီလိုနှင့် ဇွဲလေး ရှိုင်း ရုံးခန်းဆီရောက်လာခဲ့သည်...

"ဒုဥက္ကဋ္ဌ တောင်းထားတဲ့ အရင်လရဲ့လချုပ်စာရင်းပါ.."

"Omm..ကျေးဇူး.." ရှိုင်း ပြုံးပြကာ ပြောလိုက်သည်..

"ဟုတ်..ပြီးတော့ ဒါက ခွင့်စာပါ..ကျနော် နက်ဖြန် ခွင့်ယူချင်လို့ပါ.."

"ခွင့်စာ က CEOကိုပေးရမှာလေ.."

"ဟို..CEOကိုလည်း မနေ့က ပြောပြီးပါပြီ...ခွင့်စာ ကတော့......."

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now