Part_6{ZG & Uni:}

2.6K 149 28
                                    

🔔{ZawGyi Font}🔔

"ဗျာာ!!..သန့်ရှင်းရေး..ဟုတ်လား.."

ဇွဲလေး သူ့နားသူမယုံနိုင်စွာ အလန့်တကြားထအော်မိသည်..

*ဒီလူကြီးငါ့ကို သပ်သပ်စော်ကားလိုက်တာပဲ..ငါ့ပညာ ငါ့အရည်အချင်းနဲ့ ရတဲ့အလုပ်က သန့်ရှင်းရေး တဲ့လား..မဆီလျော်လိုက်တာ*
ဇွဲလေးစိတ်ထဲမှလည်း မကျေနပ်စွာတွေးရင်း ထိုလူပြောမယ့်စကားကိုစောင့်နေလိုက်သည်..

ရှိုင်း မှာတော့ ဇွဲလေး၏ ထအော်သံအဆုံး ရုတ်တရက်လန့်ပြီး ပါးစပ်အဟောင်းသားနှင့်..

*ဒီကလေး အသံတော်တော်ကျယ်တာပဲ..မီးရထားစက်ခေါင်းများမြိုချထားလေသလား*ရှိုင်းပြုံးစိစိနှင့်တွေးနေပြီးမှ ထိုကလေးကိုကြည့်လိုက်တော့ မျက်နှာကြီးစူပုပ်နေသည်...

ထို့နောက်..
"အကြာကြီးမဟုတ်ပါဘူး..ခဏပါပဲ..နောက်တော့မင်းနဲ့ကိုက်ညီမယ့်ဌာနကိုရွှေ့ပေးပါ့မယ်.." ရှိုင်းပြောလိုက်တော့..

ဇွဲလေးမျက်မှောင်ကုတ်လျက်စဉ်းစားနေသည်...

*ငါနော်..အရင်စိတ်အတိုင်းဆို ချက်ချင်းမလုပ်ဘူးပြောပြီးထွက်ခဲ့လိုက်ပြီ..ခုက တီလေးကိုလည်းပြောပြီးနေပြီ..မတတ်နိုင်ဘူး ခဏပဲဆိုတော့ တီလေးကိုဖုံးကွယ်ထားပြီး ကြိတ်မှိတ်သည်းခံပြီးလုပ်ရတော့မှာပေါ့..Grrrr..ဒီလူကြီး ငါတစစီဆွဲဖြဲချင်လာပြီ*

ဇွဲလေး မကျေနပ်ချက်တွေကိုစိတ်ထဲကသာပြောနေမိသည်...အပြင်မှာတော့ ဇွဲလေး၏ ဒေါသများကိုထိန်းချုပ်ထားရသော မျက်နှာက အထင်းသား..လည်ပင်းကြောများထောင်ကာ အံတင်းတင်းကြိတ်လျက် ပြောလိုက်သောစကားက...

"ကောင်းပြီလေ..ခဏပဲဆိုတော့ ကျနော် လုပ်ပါ့မယ်.."

ဇွဲလေး၏ အဖြေစကားကိုကြားတော့ ရှိုင်း ကျေနပ်စွာ ခိုးပြုံးလိုက်သည်ကိုတော့ ဇွဲလေး တစ်ယောက်မမြင်ပါချေ။
ဇွဲလေး ၏ယခု စိတ်အခြေအနေအရ ထိုလူကြီးကို စိတ်ထဲမှ အကြိမ်ပေါင်းများစွာ တစစီဆွဲဖြဲကာ အမှုန့်ကြိတ်ပစ်နေလောက်ပြီ.....

"OK..ပြီးရင် ဦးမင်းသူဆီမှာ Uniformသွားယူ..ဦးမင်းသူကပဲ မင်းသန့်ရှင်းရေးလုပ်ရမယ့်အပိုင်းတွေပြောပြလိမ့်မယ်.."

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now