"ကိုဇွဲ ကိုဇွဲ သတင်းထူး သတင်းထူး.."
ဇွဲလေး Companyထဲတောင် မဝင်ရသေး..Companyအဝင်ဝတွင် ပိတ်ရပ်ကာ အော်နေသော ခွန်ကောင်းဆက် ကြောင့် ဇွဲလေး စိတ်ရှုပ်ရပြန်ပြီ...
"ဘာ သတင်းထူးလဲကွာ..."
"ဦးအဂ္ဂ ကို ဒီမနက် အစောပိုင်းက တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ရဲ တွေဖမ်းသွားတယ်တဲ့...."
"ဟမ်!! " ဇွဲလေး လန့်သွားသည်...
"ဟုတ်တယ်..ပြီးတော့..ဦးအဂ္ဂက ဒီCompanyရဲ့ရှယ်ယာရှင်တစ်ဦးဆိုတော့ CEOနဲ့ဒုဥက္ကဋ္ဌ ကိုပါ ပါဝင်ပတ်သက်မှုရှိ မရှိ စစ်ဆေးမေးမြန်းကြမယ်ထင်တယ်"
-ဦးအဂ္ဂကြီး ဒီလောက် ချမ်းသာနေတာ လက်စသတ်တော့ ဒီဟာတွေကြောင့်ကိုး- ဇွဲလေး အံ့သြစွာတွေးမိသည်...
"CEOနဲ့ဒုဥက္ကဋ္ဌလည်း သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ကြားတယ်.."
"သတင်းစာရှင်းလင်းပွဲကဘယ်တော့လုပ်မှာတဲ့လဲ"
"ဒီမနက်၁၀နာရီတဲ့..တချို့မီဒီယာသမားတွေကတော့ ခုနတည်းကရောက်နေကြပြီ"
ခွန်ကောင်း ပြောတော့မှ ဇွဲလေး ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ကြည့်မိသည်...
ဝန်ထမ်းကဒ်ကိုလည်ပင်းမှာဆွဲကာ ကင်မရာတဖျက်ဖျက်နှင့် channelပေါင်းစုံမှ သတင်းသမားတချို့...."ငါတို့ကရော ဘာလုပ်ကြရမှာလဲ"
"ကိုယ့်အလုပ်ကိုယ်လုပ်ပြီးအသာနေရုံပေါ့..သူတို့ကိစ္စသူတို့ဖြေရှင်းလိမ့်မယ်..CEOနဲ့ဒုဥက္ကဋ္ဌလည်း ဒီကိစ္စကိုကောင်းကောင်းကိုင်တွယ်နိုင်မှာပါ"
ခွန်ကောင်း စကားကြောင့် ကိုရှိုင်းနှင့်နေရဲအား ဇွဲလေး စိတ်ပူသွားမိသည်....
"CEOနဲ့ဒုဥက္ကဋ္ဌ ကတော့ ဒီအမှုနဲ့မပတ်သက်လောက်ပါဘူးနော်"
"မပတ်သက်လောက်ပါဘူး..သူတို့၂ယောက်က လူကောင်းတွေပဲဟာ.."
ထိုအခါမှ ဇွဲလေး စိတ်သက်သာရာ ရသွားသည်...
-ဟုတ်သားပဲ..သူတို့၂ယောက်ကလူကောင်းတွေပဲ-
-သူတို့အဆင်ပြေလောက်မှာပါ-"မျက်လုံးကြီးမှိတ်ပြီးဘာလုပ်နေတာလဲ..လာ အလုပ်သွားလုပ်မယ်..ဒီနေ့ အသစ်ရောက်တဲ့ ကုန်ကြမ်းတွေအတွက်စာရင်းမှတ်ရဦးမယ်"
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......