နေ့လည်က ကိုရှိုင်းကြောင့် ဇွဲလေး ရဲ့ စိတ်ညစ်မှုတွေအနည်ထိုင်ကာ စိတ်သက်သာရာရခဲ့လေသည်...
ထို့ကြောင့် စိတ်ညစ်မှုတွေကို မေ့ကာ အလုပ်ထဲလည်းအာရုံစိုက်နိုင်ခဲ့သည်...."ကိုဇွဲ ကျနော် ရုံးဆင်းတော့မယ်..အဖွဲ့မှူးကလည်း ကိုဇွဲကို စာရင်းတွေလက်စသတ်ပြီးရင် ရုံးဆင်းတော့တဲ့"
ခွန်ကောင်းဆက် လာပြောမှ ဇွဲလေး နာရီကိုကြည့်ဖို့သတိရမိသည်...5နာရီခွဲပြီပဲ..... ဇွဲလေးလည်း စစ်လက်စစာရင်းဖိုင်တွဲကို သိမ်းလိုက်ကာ အဖွဲ့မှူးအား သွားနှုတ်ဆက်လိုက်သည်...
ပြီးနောက် အလုပ်စားပွဲပေါ်က ဖိုင်အိတ်လေးကို ယူလိုက်တော့ ဖိုင်အိတ်အောက်က ပြုတ်ကျလာသော ဆွဲကြိုးလေး...
ဇွဲလေး ဆွဲကြိုးလေးကိုကောက်ယူလိုက်ကာ..
*တော်ပါပြီလေ...ငါလည်းဆွဲ တော့တာမှမဟုတ်တာ..ပြတ်နေတဲ့ကြိုးကို ပြန်မဆက် တော့ပါဘူး..*ဇွဲလေး တွေးရင်း အလုပ်စားပွဲအံဆွဲထဲမှာသာ ထည့်သိမ်းခဲ့လိုက်သည်....
ဇွဲလေး Companyအပြင်ဘက်ရောက်တော့ Companyရှေ့က car parkingတွင် ဇွဲလေး ထွက်လာသည်ကို စောင့်နေဟန်တူသော နေရဲ နှင့်တွေ့လေသည်...
ဇွဲလေးလည်း သက်ပြင်းတစ်ချက်ချကာ နေရဲ ရှိရာသို့ လျှောက်သွားလိုက်သည်..
"ကိုယ် လိုက်ပို့ပေးမယ်.. ကားပေါ်တက်.."နေရဲ ပြောတော့ ဇွဲလေး ငြင်းဆန်လိုက်သည်..
"ဟင့်အင်း..ငါ့ဘာသာ busကားနဲ့ပြန်မယ်.."
"ငါလိုက်ပို့ပေးပါ့မယ်ဆိုကွာ.."
"ငါမင်းကို ပြောစရာရှိတယ်..."
"omm..ပြောလေ"
"ငါတို့ ခပ်ကင်းကင်းပဲနေကြရအောင်.."
ဇွဲလေး ပြောလိုက်သောစကားကို နေရဲ နားမလည်စွာနှင့်.."ဘာကိုဆိုလိုတာလဲ ဇွဲ...ခုမင်း ငါ့ကိုငြင်းလိုက်တာလား"
"အဲ့လိုပဲပြောရမှာပေါ့..ငါမင်းကို လက်မခံနိုင်ဘူး နေရဲ.."
နေရဲ မျက်ရည်တွေ ဝဲတက်လာသည်....
"ဘာလို့လဲ...အကြောင်းပြချက် သိခွင့်ရှိမလား..."
![](https://img.wattpad.com/cover/195755960-288-k105932.jpg)
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......