ဉီးအဂ္ဂ ၏ အကူအညီနှင့် နောက်နေ့မနက်မှာပင် SunShineရဲ့ ရှယ်ယာဈေး ပုံမှန်အတိုင်း ပြန်ငြိမ်သက်သွားလေသည်...
"ဇွဲလေး ခွန်ကောင်း လာဉီး.."
"ဟုတ်ကဲ့ အဖွဲ့မှူး!! "
အဖွဲ့မှူး ခေါ်သံအဆုံး ဇွဲလေး နှင့် ခွန်ကောင်းဆက် အလုပ်စားပွဲမှချက်ချင်းထကာ အဖွဲ့မှူးဆီသို့..
"ရော့ ခွန်ကောင်း ဒါကို ဒုဥက္ကဌ ဆီကိုသွားတင်ပြ..အရင်လရဲ့ လချုပ်စာရင်း ဒုဥက္ကဌက ပြန်ကြည့်ချင်လို့တဲ့..."
"ဟုတ်ကဲ့.."
"ဇွဲလေးက ဒီစာရင်း ဖိုင်ကို CEOကို လက်မှတ်ထိုးဖို့သွားတင်ပြလိုက်"
အဖွဲ့မှူး ၏ စကားသံအဆုံး ဇွဲလေး မျက်နှာကြီးရှုံ့မဲ့သွားသည်...
ဌာနအပြင်ဘက်ရောက်တော့ ဇွဲလေး အကြံရကာ.."ခွန်ကောင်း ငါတို့ ဖိုင်ချင်းလဲ ရအောင်လေ...ငါ CEOဆီမသွားရဲလို့.."
မျက်နှာချိုသွေးကာပြောနေသော ဇွဲလေး၏ စကားကို ခွန်ကောင်းဆက်တစ်ယောက် အဓိပ္ပာယ်တစ်မျိုးကောက်လိုက်ကာ.."ဒုဥက္ကဋ္ဌ နဲ့တွေ့ချင်တယ်လို့ပဲပြောလိုက်ပါလား..ဟွန့်..ရော့ ရော့"
ခွန်ကောင်းဆက်က ပြောရင်း ဇွဲလေး လက်ထဲက ဖိုင်နဲ့ ဖိုင်ချင်း လဲယူလိုက်သည်..
"ဟမ်..." ခွန်ကောင်းဆက် စကားကြောင့် ဇွဲလေး ကတော့ မျက်လုံးအဝိုင်းသား..
-ငါက CEOဆီမသွားရဲလို့ ဆိုပြီးပြောလိုက်တာပါ..သူက ဘယ်လိုဖြစ်ပြီး.....ထားပါလေ ဘာပဲဖြစ်ဖြစ် CEOဆီမသွားရတော့တာပဲ အဆင်ပြေပါတယ်..-
ဒီလိုနှင့် ဇွဲလေး ရှိုင်း ရုံးခန်းဆီရောက်လာခဲ့သည်...
"ဒုဥက္ကဋ္ဌ တောင်းထားတဲ့ အရင်လရဲ့လချုပ်စာရင်းပါ.."
"Omm..ကျေးဇူး.." ရှိုင်း ပြုံးပြကာ ပြောလိုက်သည်..
"ဟုတ်..ပြီးတော့ ဒါက ခွင့်စာပါ..ကျနော် နက်ဖြန် ခွင့်ယူချင်လို့ပါ.."
"ခွင့်စာ က CEOကိုပေးရမှာလေ.."
"ဟို..CEOကိုလည်း မနေ့က ပြောပြီးပါပြီ...ခွင့်စာ ကတော့......."
ဇွဲလေးခုအခြေအနေမှာ နေရဲ နဲ့ မတွေ့လိုမှန်း ရှိုင်း နားလည်လိုက်သည်...ထို့ကြောင့်
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......