EP-3

1.3K 154 70
                                    

Unicode

At 7:00 AM,

🎶🎶I gotta let you know that I need to let you go . Hard to say goodbye
but I can't run .. I'm ready to let go🎶🎶


အိပ်ယာခေါင်းရင်းမှ,ဖုန်းသည် အချိန်တန် alarm မြည်လာပြီဖြစ်၍ မှိတ်ချထားသော မျက်တောင်စိတ်တို့က အနည်းငယ်တော့ လှုပ်ခတ်သွားရ၏ ။ သို့သော်လည်း Hoseok မထချင်သေးပေ ။ စောင်ထဲလုံးနေသော ခန္ဓာကိုယ်အား ဘယ်ညာအလီလီလှည့်ရင်း ချစ်လှစွာခေါင်းအုံးငယ်အား မျက်နှာအပ်ထားလိုက်၏ ။

ဘဝမှာ အိပ်နေရတာလောက်,ခုံမင်စရာကောင်းတာမျိုးမရှိဘူးမလား ?? အထူးသဖြင့် ကျောင်းတက်ရမယ့် ဒီလိုမနက်ခင်းတွေမှာလေ ?

အတွေးနှင့်အတူ တစ်မိနစ်လောက်ပဲဖြစ်ဖြစ် ဆက်မှိန်းဖို့တွေးကာ alarm ပိတ်ဖို့အတွက် ဖုန်းကို လှမ်းစမ်းလိုက်၏ ။

7:08 Am ~

မပွင့်တပွင့်အမြင်အာရုံတွေကြားမှ လှမ်းမြင်လိုက်ရသော ကိန်းဂဏန်းသုံးလုံးသည် ကျွန်တော့်ကို ခပ်ကြမ်းကြမ်းကိုင်လှုပ်နှိုးလိုက်သလို ။ ငေါက်ခနဲ ထထိုင်လိုက်မိသည်အထိ ။

“ Shittt !! ”

သာယာလှပသောနံနက်ခင်းအား ဤကဲ့သို့ နှုတ်ဖွင့်စကားနှင့် ကျက်သရေရှိရှိစတင်ရပါ၏ ။ ယနေ့ ကျောင်းစတက်ရမည်ဖြစ်တာကြောင့် ကျောင်းတက်ချိန်ထက် တစ်နာရီစောကာ alarm ပေးထားမိသည် ။ အိပ်ယာသေချာသိမ်းတာ 5 မိနစ် ၊ ရေချိုးတာ 15 မိနစ် ၊ အဝတ်အစားလဲတာနဲ့ ပြင်တာဆင်တာ 5 min ၊ မနက်စာစားတာ 10min ၊ စက်ဘီးနင်းတာ 5 min ကျော်ကျော် ... ဒါဆို ကျောင်းကို 7:40 ကျော်ကျော်လောက်တော့ ရောက်မယ်မလား ။ ပုံမှန်ဆို ကျောင်းချိန်အနီးကပ်မှ သွားတတ်ပေမယ့်လည်း ပထမဆုံးတစ်ရက်တော့ ဆယ့်ငါးမိနစ်လောက်ကြိုရောက်သင့်သည်လေ ။ နောက်ပြီး ... နေရာဂျီးများတတ်တဲ့ ကိုယ့်အကျင့်ကြောင့် Joon နဲ့ တူတူထိုင်လို့ရပြီး စာသင်လို့ကောင်းတဲ့ နေရာရှာ,ရဦးမှာ ။ 

တစ်မိနစ်လောက်ပဲ ပိုအိပ်မယ်လို့ စိတ်ကူးထားသော်ငြား တကယ်တမ်း ရှစ်မိနစ်လောက် နောက်ကျသွားတာမို့ လူက အသည်းသန်ခဲမှန်ပဲ ။ ပြူးကျယ်သွားသော မျက်ဝန်းအစုံနှင့်အတူ ဝရုန်းသုံးကားဖြင့် ရေချိုးခန်းထဲအပြေးဝင်မိသည် ။ အသန့်သိပ်ကြိုက်သူမို့ ရေမချိုးလို့ကတော့ လုံးဝမဖြစ် ။ ထို့ကြောင့် လှုပ်ရှားမှုမှန်သမျှကိုသာ ခပ်သွက်သွက်အရှိန်မြှင့်ရင်း ရေချိုးခြင်းအား လက်စ,သတ်မိတော့ ချက်ချင်းသတိချပ်လိုက်မိသည်က ... ခါးအောက်ပိုင်းပတ်ဖို့ရန် သဘက် ပါမလာခဲ့ဘူးပဲ ။

Can't CloseWhere stories live. Discover now