EP-2

1.5K 179 25
                                    

Unicode




ကြည်စင်သော ကောင်းကင်ပြာပြာဝယ် အဖြူရောင်တိမ်တိုက်များက ဟိုတစ်စ ဒီတစ်စ
လွင့်မျောလျက် ။ နေပွင့်သော်လည်း အပူရှိန်သိပ်မပြင်း၍ ရာသီဥတုသာယာနေကာ မြစ်ကို ဖြတ်သန်းတိုက်ခတ်လာသော ညှင်းသွဲ့သွဲ့ လေပြေ‌အေးများသည် ထိုပတ်ဝန်းကျင်ကို အေးမြစွာလွှမ်းခြုံသည် ။ မြစ်ကမ်းနှင့် အနည်းငယ်သာလှမ်းသောနေရာတွင် သက်တမ်းမည်မျှရှိမည်ဟု ခန့်မှန်းမရသော သစ်ပင်ကြီးမှ သစ်ရွက်အချို့သည်လည်း လေအဝှေ့တွင် မြေပြင်ထက်သို့ သက်ဆင်းကြ၏ ။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေ၍ ထိုသစ်ရွက်ကြွေကျသံကပင် ကျယ်လောင်နေ‌သယောင်။
လေတိုးသံကပင် စူးဝါးနေသယောင် ။

“ ဒီလောက်အေးချမ်းတဲ့နေရာမှာ အနားယူရတော့ အန်တီငယ် အေးချမ်းနေမှာပါ ”

မတ်တပ်ရပ်လျက် ထိုသစ်ပင်အားစိုက်ကြည့်၍ တွေးဆဆပြောခြင်းအပေါ် တဖက်လူသည် တုံ့ပြန်ခြင်းအလျဥ်းမရှိ ။ ဒီတော့ ကိုယ်ကပဲ ဆက်၍ပင် -

“ မင်းလည်း အေးချမ်းသင့်တယ် Taehyung
အန်တီငယ်က မင်းကို ဒီလို ပုံစံ မြင်ချင်မှာမဟုတ်ဘူးလေ ”

စကားအဆုံး၌ သက်ပြင်းချသံသဲ့သဲ့လေး ကပ်ပါလာတော့ မြစ်ဘက်သို့မျက်နှာမူထားသော တစ်ဖက်ကောင်လေး၏ မျက်နှာထက်ဝယ်  အပြုံးတစ်ပွင့် ဖြစ်ထွန်းလာသည် ။ သို့သော် ကြည်ကြည်နူးနူးမဟုတ်ပါဘဲ အဓိပ္ပါယ်ဖော်ရခက်လွန်းသော ခပ်ထေ့ထေ့အပြုံးသာဖြစ်၏ ။

“ ဟုတ်ပါရဲ့နော် ... ဘယ်လောက်တောင်အေးချမ်းချင်လို့ ဒီလိုနေရာမျိုးကို ရှာဖွေထားပါလိမ့် ။ သူ့ခမျာ အသက်ရှင်နေရတုန်းက သိပ်ကို ပူလောင်လွန်းခဲ့တော့ သေဆုံးသွားတဲ့အခါ ကောင်းကောင်းအနားယူနိုင်ဖို့  ဒီလိုမျိုးနေရာကို ကြိုးစားရှာဖွေခဲ့တယ်ထင်တယ် ။ ဒါပေမယ့် .... ”

တည်ငြိမ်ခြင်းတွေ ပြည့်လျှံနေတဲ့ မျက်ဝန်းနှင့်အတူ သူက စကားတွေကိုရပ်ပစ်လိုက်သည်  ။ ဒါမှမဟုတ် ရှေ့ဆက်ပြောဖို့အတွက် အားအင်ယူနေခဲ့ခြင်းလား ။ သို့သော် သေချာတာကတော့ ထိုသို့ပြောနေခဲ့စဉ် သူ့မျက်နှာသည် စုန်ဆင်းခြင်းမရှိသည့်ရေသေပြင်တစ်ခုလိုမျိုး အေးစက်မှုအတိလွှမ်း၏ ။  ပြီး... ပြောလက်စ,စကားကို ရပ်၍ ငြိမ်သက်စွာ စဉ်းစားနေပုံကလည်း မုန်တိုင်းမလာခင် လေငြိမ်နေသည့်အလား ။

Can't CloseWhere stories live. Discover now