8.Book Coverကလှလား?
မြင်ဖူးနေကျနဲ့အတော်လေးကွဲထွက်ပြီး Classic ဖြစ်တယ်လို့ပြောချင်ပါတယ်။ စာအုပ်အရောင် နီညိုရောင်ကို အနက်နဲ့ လှလှပပ ကွပ်ထားတာပါ။ The True Conqueror ဆိုတဲ့ Book nameအောက်မှာLocketဆွဲသီးလေးတစ်ခုရှိပါတယ်။ Locket ဆွဲသီးလေးရဲ့ကျောက်ထဲမှာတော့ နဂါးတစ်ကောင်ပုံရှိပြီး ဒီIdeaရဲ့အဓိပ္ပါယ်က The True Conquerorဆိုတဲ့စာအုပ်ကို Locketရဲ့ကျောက်လေး နဲ့တင်စားထားတာပါ။ ကျောက်လေးကိုဖွင့်လိုက်ရင်သိမ်းဆည်းထားတဲ့အရာကိုဖွင့်လှစ်ပြသလို စာအုပ်အဖုံးက ကျောက်လေးကလည်း သူသိမ်းထားတဲ့ ဒဏ္ဍာရီတစ်ပုဒ်အကြောင်း စာဖတ်သူကို ပြောပြမှာပါ💕

9. စာအုပ်ကိုဘယ်လိုပြင်ဆင်တာလဲ?
အပိုင်း 74ပိုင်းလုံးကို အစအဆုံး Heather ပြန်ဖတ်ပြီး ကိုယ်တိုင်တစ်ခေါက် အမှားစစ်ထားပါတယ်။ စိတ်တိုင်းကျမှ စာအုပ်တိုက်ကိုအပ်ပြီး စာအုပ်တိုက်ကလည်း အမှားအယွင်းမရှိ စာစီဖို့ကိုပဲနောက်ထပ်အချိန်တစ်လကျော်ထပ်ယူထားပါတယ်💕

10. မရလိုက်မှာစိတ်ပူတယ်!
မပူပါနဲ့လို့ပြောချင်ပါတယ်။ စုစုပေါင်း အုပ်ရေ 500မလို့ အခုကတည်းက စောင့်နေတဲ့သူတွေ မရစရာမရှိပါဘူး💕

11. လိုသေးတာကို Heatherဘာလို့ အစောကြီးကြေငြာတာလဲ?
စာအုပ်လေးကိုစောင့်နေတဲ့သူတွေအတွက် ကြိုသိရလေ အဆင်ပြေဆုံးလို့ Heather ထင်လို့ပါ။ နှစ်လကျော်လောက်မှ ထွက်လာမှာပေမယ့် The True Conqueror လေး စာအုပ်အဖြစ်ထွက် လာဖို့ရှိတယ်ဆိုတာ သိအောင်ပါ💕

12. စာအုပ်မှာလို့ရရင် မသိလိုက်မှာစိတ်ပူတယ်။ Heatherပြောမှာလား?
မမြင်ချင်မှအဆုံး Facebook ရော Wattpadမှာရော တင်ပြီးပြောမှာပါ။ Msgr ကနေ အသိပေးပေးဖို့ပြောထားရင်လည်း လာပြီးပေးပါမယ်။ Pageကလည်း တင်မှာပါ။ ဒီကြားထဲသိချင်တာရှိရင် Heatherကို ထပ်လာမေးလို့ရပါတယ်💕

The True Conqueror လေးကို စာအုပ်အဖြစ်အပိုင် သိမ်းဆည်းချင်တဲ့ စာဖတ်သူတွေရဲ့ ဆန္ဒအတိုင်း Heather အကောင်အတည်ဖော်နေပါပြီနော်💕

ချစ်တဲ့,
Heather Bell ❄

Unicode

Hello My Readers!
စောင့်မျှော်နေတဲ့ The True Conquerorရဲ့ စာအုပ် နဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို စာရင်းလုပ်ပြီး ဖြေထားပါတယ်။

The True Conqueror [Complete]Where stories live. Discover now