Hannie, You are My story

807 87 5
                                    

Ending

နောက်ဆုံးနှစ်စာမေးပွဲဖြေပြီးတဲ့ အချိန်မှာ Minho Hyungက ပြည်ပကိုသွားဖို့ဖြစ်လာခဲ့တယ်။

ပြည်ပမှာဘွဲ့ထပ်ယူဖို့လုပ်တာ

တစ်နည်းအားဖြင့် Minho hyungရဲ့ ငရဲခန်းကနေ လွတ်မြောက်စေတာ။

ပါးပေါ်မှာ လက်သီးဒဏ်ကြောင့် အညိုမဲစွဲတာနဲ့Jisungရှေ့ကို ရောက်လာတဲ့ Minho hyungက သူ့မမြင်ချင်ဆုံးပုံစံပါပဲ။

Hyungအဖေက Byunho hyungနဲ့ရန်ဖြစ်တာကြောင့် Minho hyungကို ထိုးလိုက်တယ်။
Hyungကိုယ်တိုင်ကလည်း ဒီမိသားစုနဲ့သူက ရောထွေးလို့မရမှန်းသိတည်းက ထွက်သွားချင်နေတာ။ ဒါပေမယ့် Han Jisungနဲ့ သံယောဇဥ်ကြိုးတွေ အထပ်ထပ်ချည်ပြီး နေခဲ့တာ။

သားနှစ်ယောက်လုံးကို တန်းတူချစ်မပေးနိုင်တဲ့ ဖခင်ရယ်
မယားငယ်ရဲ့သားဆိုပြီး ဘယ်တော့မှစေတနာရှိပေးမှာမဟုတ်တဲ့ အဖေ့ရဲ့တရားဝင်မိန်းမရယ်။ ညီလို့မသတ်မှတ်တဲ့ အဖေတူအမေကွဲအကိုက Hyungဘဝတွက် စိတ်ဆင်းရဲခြင်းအမျိုးမျိုးပါပဲ။

Hyung ကို Han Jisungကိုယ်တိုင်ပဲ လက်လွှတ်ပေးလိုက်တယ်။

ခေတ္တခဏလက်လွှတ်ခြင်း ဆိုတာ Han Jisungဘက်ကတော့ သေချာပါတယ်။


ဘယ်တော့မှမပတ်သက်မယ့် အဖိုးအခအဖြစ် အမွေပေါင်းမြောက်များစွာကို
hyungရခဲ့တယ်။ ဒီမိသားစုက hyungအတွက် ဘယ်တော့မှသက်ဆိုင်မှာ မဟုတ်ကြောင်းက ဝမ်းနည်းစရာကောင်းလွန်းပေမယ့် ဘယ်တော့မှလည်း လိုချင်နေတဲ့အရာမဟုတ်ပြန်။

အရာအားလုံးက အဆင်ပြေဖို့ အစပျိုးတစ်ခုဆိုပေမယ့် နှောင်ဖွဲ့မှုတစ်ခုကိုတော့ လက်လွှတ်ရတာပဲ။

သြစတေးလျနိုင်ငံ
မဲလ်ဘုန်းမြို့မှာ ကျောင်းတက်တော့မယ်လို့ hyungကပြင်ဆင်နေတဲ့အထိ Han Jisungက အဆင်မပြေခဲ့ဘူး။
ဒါပေမယ့် ဟန်ဆောင်ပေးခဲ့တယ်။
Hyungကို သူသိပ်ချစ်လို့ ခဏလောက်လက်လွှတ်ပေးခဲ့တယ်ဆိုတာ သူပဲသိပါတယ်။





"Hyungနောက် လိုက်ခဲ့မလား"

မသွားခင်မှာ hyungနဲ့ စကားပြောချင်သေးတာမို့ သူတို့ မြို့ပြင်ထိကားထွက်မောင်းကြတယ်။ မှောင်ရီပျိုးစအချိန်မှာ အပြင်ဘက်ကိုငေးကြည့်ရင်း Han Jisungတစ်ယောက် ကြိုလွမ်းနေရပါတယ်။

Hannie, You are My StoryWhere stories live. Discover now