Hannie, You are My story

397 62 0
                                    

(10)

ကိတ်မုန့်ကို အဖဲ့ကြီးကြီးဖဲ့ပြီး ပါးနှစ်ဖက်ထဲ ဖောင်းနေအောင်ထည့်ပြီး တလှုပ်လှုပ်ဝါးစားနေတဲ့ အရှေ့ကအကောင်ပေါက်လေးကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း အသဲယားနေတာ Lee Knowအလွန်တော့မဟုတ်ဘူး။

Han Jisungက သိပ်ချစ်ဖို့ကောင်းလွန်းတယ်။ ချစ်ဖို့ကောင်းလွန်းလို့  အပိုင်သိမ်းထားချင်မိပေမယ့် ကိုယ်နဲ့မထိုက်တန်ဘူးလို့ တွေးမိပြီးမဝံ့မရဲဖြစ်မိတဲ့အထိ။

ice Americano သောက်နေတဲ့ ဒီကောင်လေးကို သူ့ဘေးနားမှာ တစ်သက်လုံးရှိနိုင်ဖို့ သူဘာတွေပေးဆပ်ရရ ဘာတွေပဲပေးအပ်ရရပါလေ။

"Hyung ကျွန်တော် hyungကို ပြောစရာရှိတယ်"

"အင်း ပြောလေ"

Han Jisungက နှုတ်ခမ်းကိုက်လို့ အသာစဥ်းစားနေသေးတယ်။

"ဘာမှမဟုတ်တော့ပါဘူး။ နောက်ကျမှ နောက်ကျမှပဲ ပြောပြတော့မယ်"

Han Jisungက ပြောဖို့တွေဝေနေခဲ့တယ်။ မနက်ဖြန်ဆိုရင် Jisung ရဲ့ ပထမဆုံး ကလေးပုံပြင်စာအုပ်ကို published ပြီးဆိုင်မှာတင်တော့မှာ။
သူကိုယ်တိုင်ရေးပြီး စာအုပ်ထဲကartတွေကလည်း သူကိုယ်တိုင်ဆွဲတာမို့ ပိုပြီးတော့စိတ်လှုပ်ရှားတယ်။
ပထမဆုံးအကြိမ် ထုတ်ဝေမှုမှာ သေချာပေါက် Hyungဆီက ဂုဏ်ပြုစကားကြားချင်ပေမယ့် Han Jisungမပြောနိုင်ပြန်ဘူး။
သူသတ္တိနည်းလိုက်တာ။ Hyungဆီက အများကြီး မျှော်လင့်မိတဲ့အခါ မျှော်လင့်ထားသလို အကုန်မဖြစ်မှာကို သူသိပ််ကြောက်တတ်လာလေရဲ့။


(11)

စိတ်လှုပ်ရှားမှုကြောင့် အစောကြီးနိုးလာပြီတော့ အပြင်ထွက်ဖို့ ပြင်ဆင်နေခဲ့တယ်။  စာအုပ်ဆိုင်ကိုသွားပြီး သူ့စာအုပ်တွေနဲ့အလှဆင်ထားတာကို မကြည့်ဘဲမနေနိုင်တော့ဘူး။ မနက်စာကိုတောင် ကတိုက်တရိုက်တွေစားပြီး အိမ်အပြင်ကိုထွက်လာခဲ့တယ်။

မြင်နေကျ လမ်းမီးတိုင်အောက်မှာ မြင်နေကျ ပုံရိပ်ကိုမြင်လိုက်ရ‌ေတာ ့Han JiSung နှလုံးခုန်သံတွေ မြန်လာခဲ့တယ်။

Hyung!!

Lee Know hyungက သူ့ကိုအပြင်ထွက်ဖို့ခေါ်တိုင်း အမြဲစောင့်နေကျနေရာမှာ စောင့်နေခဲ့တယ်။ ပြီးတော့ လက်ထဲမှာပန်းစည်းတစ်စည်း။

Hannie, You are My StoryWhere stories live. Discover now