Hannie, You are My story

441 60 0
                                    

(8)

ခေါင်းတွေရှုပ်လာတာကြောင့် စာရွတ်ထဲလျှောက်ခြစ်ချလိုက်သည်။ ထိုမှမက ခေါင်းပေါ်က ဆံပင်တွေကိုပါ လက်နှစ်ဖက်နဲ့စုဆွဲ ဖွလိုက်သည်။
ဆံပင်တွေ ထိုးထိုးထောင်ထောင်နဲ့စိတ်ဓာတ်ကျနေတဲ့ သူ့ပုံစံက ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်မလဲဆိုတာ Han JiSung မှန်မကြည့်ဘဲကိုသိသည်။

ပြတင်းပေါက်ကိုဆွဲဖွင့်လိုက်တဲ့အခါ လေတစ်သုတ်က မျက်နှာကိုလာခတ်သည်။ စိတ်ညစ်နေတာတွေအကုန် ဒီလေနဲ့အတူလွင့်ပါးပျောက်ကွယ်သွားရင် ကောင်းမယ်။ အဝေးက တိုက်တွေဆီကမြင်ရတဲ့ မီးရောင်ကိုကြည့်ပြီးလည်း စိတ်တွေကဖြေသာမရပါ။

စိတ်ညစ်လိုက်တာနော် စာမရသေးဘူး။

တစ်ပတ်ပဲ စာမေးပွဲဖြေဖို့ တစ်ပတ်ပဲလိုတော့တယ် ဆိုတာကိုတွေးမိရင် သက်ပြင်းအရှည်ကြီးချမိလွန်းလို့ မရှိတဲ့အသက်က တိုတော့မယ်ထင်ပါရဲ့။

မနေ့ကမှ စာစလုပ်တာ။ ဖြေခါနီးတစ်ပတ်အလိုမှ စာစလုပ်တာမို့ မြွေကိုက်နေလေပြီ။ အရင်လတွေတုန်းက ဘာလို့အလေလိုက်မိပါလိမ့်လို့တွေးမိရင် နောင်တတွေလည်းရပါတယ်။

တစ်ပတ်တည်းနဲ့ ဘယ်လိုလုပ်စာတွေအကုန်မှတ်နိုင်မှာလဲဆိုတဲ့ စိတ်လည်းဝင်တယ်။ ဒီလိုဆိုပြီးလည်း လက်လျှော့လို့က မရပြန်။ စာမေးပွဲသာကျရင် အိမ်ကအရင် Jisungကို ကျိတ်လိမ့်မည်။
သူကိုယ်တိုင်ကလည်း စာမေးပွဲမကျချင် အောင်ချင်တာမှတစ်ပိုင်းကိုသေလို့။ အောင်ချင်ရင်လည်း အရိုးကြေကြေ အရေခမ်းခမ်းလုပ်ပါလားဆိုတော့လည်း တစ်ပတ်ပဲကျန်တဲ့အချိန်မှာ အိပ်လည်းမဖြောင့် ဖုန်းသုံးလို့လည်းမရနဲ့ ပင်ပန်းသေးသည်။

အားးးး

စိတ်မွန်းကြပ်လွန်းလို့ ရူးတော့မှာပဲ။

အမေရေ ကယ်ပါဦး အမေ့သားလေးကို ကူညီပါဦး။

ဒီအချိန်ကြီး အော်ကြီးဟစ်ကျယ်နဲ့ အဲ့လိုသွားငိုရင် အိပ်နေတဲ့အမေက သူ့ကိုအော်လွှတ်လိမ့်မည်။

သူ့လိုပဲ စာမေးပွဲကြောင့် စိတ်ပင်ပန်းနေဦးမယ့် သူငယ်ချင်းသုံးယောက်ကိုလည်း ဖုန်းဆက်မရစ်ရက်ပြန်။

Hannie, You are My StoryWhere stories live. Discover now