Hannie, You are My story

439 58 0
                                    

(13)

Han Jisung ဘက်ကအဖြေပြန်မပေးခင်မှာ Minho hyungနဲ့ ပြသနာတက်တယ်ဆိုတာက အခုချိန်ပြန်စဥ်းစားပြည့်ရင် ရယ်စရာကောင်းတယ်ဆိုပေမယ့်
ထိုအချိန်တုန်းကတော့ သွေးပျက်လောက်အောင် နာကျင်စရာကောင်းခဲ့ပါတယ်။

ပြသနာရဲ့အရင်းမြစ်ကလည်း hyungက Han Jisungကို ဖုံးကွယ်ထားလို့ဖြစ်သည်။

.
.
.
.
.
.
.
.
.
.
.
.

ဖွင့်ပြောပြီးတဲ့ နောက်မှာHyungက သူ့ကိုဖုန်းနဲ့ ဆက်သွယ်တယ်။ ပြီးတော့ Hyungမှာ လုပ်စရာရှိတာမို့ ဒီတစ်ပတ်တော့မတွေ့နိုင်ကြောင်းပြောသည်။

Han Jisungက ဘာစိုးရိမ်ကြောင့်ကြမှုမှ မရှိဘဲ ထိုစကားကို လက်ခံပေးခဲ့တယ်။

ဒါပေမယ့် တစ်ပတ်အတွင်းမှာ မုန့်အတူစားဖို့ နှစ်ကြိမ်လောက် Lee Know hyungကို ဖုန်းဆက်မိတယ်။ အားလိုအားညားဆိုတဲ့ အတွေးနဲ့။ ဒါပေမယ့် Hyungက သူသိပ်အလုပ်ရှုပ်နေတာမို့ မလာနိုင်ကြောင်း ငြင်းဆိုတယ်။
Han Jisungက ဒီအထိ အဆင်ပြေနေပါသေးတယ်။

နောက်နေ့တွေမှာ စိတ်ညစ်စရာသတင်းကို ပြောပြပေးတဲ့သူကတော့ Hyunjinနဲ့ Changbinပါပဲ။ သူတို့နှစ်ယောက်အပြင်ထွက်ရင်း Minho hyungက အမတစ်ယောက်နဲ့ဆိုင်အတူထိုင်တာကို တွေ့ခဲ့တယ်ဆိုတာပါပဲ။

နောက်တစ်နေ့မှာလည်း ထပ်ကြားရပြန်တယ်။ ဂိမ်းဆိုင်သွားရင် တွဲသွားတွဲလာလုပ်နေတာကို မြင်ခဲ့ပြန်တယ်တဲ့။

သူ့ကိုတော့ အလုပ်ရှုပ်ပါတယ်ပြောထားပြီး တစ်ခြားသူနဲ့ အတူသွားအတူစားဆိုတာနဲ့တင် Han JiSung စိတ်ဆိုးဖို့လုံလောက်နေပြီ။
ပြီးတော့မကြိုက်တာ။ Hyungက သူ့ကိုဖွင့်ပြောထားပြီးတော့ ဘာလို့ဒီလိုလုပ်တာလဲ။ ဒီခံစားချက်က သဝန်တိုတယ်ပဲ ခေါ်မလား။





နောက်တော့ Han JiSungရဲ့ မျက်စိရှေ့အောက်မှာ တွေ့လိုက်ရတဲ့အခါမှာတော့
အော်ဟစ်ပြီးရန်တွေ့ခဲ့လိုက်တယ်။

Hyungနဲ့ အဲ့ဒီမိန်းမ ထိုင်ပြီးစကားပြောတဲ့ နေရာထိသွားပြီး ရန်ရှာပစ်ခဲ့တယ်။

"Hyungပြောတော့ မအားဘူးဆို။ အလုပ်တွေအရမ်းရှုပ်နေတာဆို"

Hannie, You are My StoryWhere stories live. Discover now