(1)
လမ်းတစ်လျှောက် ကြွေကျနေတဲ့ရွက်ကြွေတွေကိုရအောင်လိုက်နင်းပြီး တဖြည်းဖြည်းနဲ့ ကျောင်းရှေ့ကိုရောက်လာတယ်။
ဆိုးလ် တက္ကသိုလ်....
မပြောင်းလဲဘူး နည်းနည်းလေးမှ ပြောင်းလဲမသွားဘူး။ ဒီမြင်ကွင်း ဒီပုံစံ ဒီအတိုင်းပဲ။
"ဂျွတ်"
အနောက်ကနေ အရှိန်နဲ့ပစ်ဝင်လာမှုကြောင့် ရုတ်တရက်ကျိုးသွားတဲ့ ခါးရိုးလေးရဲ့ မချိမဆန့်အသံ။
အနောက်လှည့်ကြည့်တော့ ထုံးစံအတိုင်း သကောင့်သား။ ထင်ပါတယ်လေ သည်ဝိတ်နဲ့ဆို ဒင်းပဲရှိတာ။"Seo ChangBinရေ မပြောမဆိုနဲ့သည်လိုပစ်ပစ်ဝင်မလာပါနဲ့လား ငါ့ခန္ဓာကိုယ်လေးကို အားနာပါဦး"
"ဒီခန္ဓာကိုယ်ဘာမှဖြစ်မနေဘူး လာနုရွပြမနေနဲ့"
"ဘုန်း"
အပြောရောလက်ပါတစ်ဆက်တည်း လာနိုင်တဲ့သူငယ်ချင်း အကောင်စားကြောင့် မနက်ခင်းစောစောစီးစီးမှာ နောက်ကျောအီစလံဝေသွားသည်။
"နာတယ် မသာလေးရဲ့"
ကဲ ဆဲထည့်လိုက်ပြီ။ မနက်ခင်းကလည်း သည်ကောင်နဲ့တွေ့မှကျက်သရေကိုမရှိတော့ပါဘူး။
"ငါရိုက်တာ အားမပါ ပါဘူး"
"မင်းခန္ဓာကိုယ်ကိုလည်း ကြည့်ဦးလေ အားမပါဘူးအော်နေသေးတယ်"
အရပ်မရှည်ရတဲ့ကြားတဲ့ one packနဲ့အရမ်းကြည့်ကောင်းနေတဲ့ Seo ChangBinကတော့ သူ့ကိုယ်သူပြန်ငုံ့ကြည့်တယ်။ လက်မောင်းကလည်း နည်းတာကြီးမဟုတ်ဘူး။ စားသလောက်က လက်မောင်းရယ် ဗိုက်ရယ်မှာတင်စုနေတာ။
"ငါ့များပြောရတယ်ရှိသေးHan Jisungရယ် မင်းကိုမင်းလည်းပြန်ကြည့်ပါဦး ငါနဲ့သူမသာကိုယ်အသုဘပဲလေ
ကဲပြောရပြီ မနက်ခင်းမှာဆဲစကားတွေ"အော် ဒင်းကပဲပြောရတယ်ရှိသေး။ ကျွန်တော်ကိုယ့်ဘာသာ ပြန်ငုံ့ကြည့်လိုက်သည်။ နည်းနည်းလေးပြည့်ဖောင်းနေတာကလွဲရင် မဝပါဘူး။
"မင်းကမဝင်သေးပဲ ဘာလုပ်နေတာလဲ"
Changbinက မေးငေါ့ပြလို့မေးတယ်။
![](https://img.wattpad.com/cover/207058746-288-k757789.jpg)
YOU ARE READING
Hannie, You are My Story