Hannie, You are My story

541 71 0
                                    

(3)

ဖွင့်ထားတဲ့DJနဲ့အလိုက် Jisung ခေါင်းလေးလှုပ်လို့ စီးချက်အတိုင်းမျောပါနေသည်။ တစ်ခါတစ်ခါ ခန္ဓာကိုယ်လေးလိုက်လှုပ်တာကလွဲရင် သူ့ပုံစံလေးက စင်ပေါ်ကဖျော်ဖြေနေတာကို စင်အောက်ကနေထိုင်ပြီး အားပေးနေတဲ့ပရိတ်သတ်တွေလိုပဲ။

သူရောက်နေတာက လူငယ်တွေအလာများတဲ့ နာမည်ကြီးnight clubမှာ။ သံစဥ်တွေ အကတွေ ရောင်စုံတွေနဲ့လှပပျော်မြူးနေတဲ့လူငယ်တွေကြားမသွားဘဲ သူကတော့ချောင်မှာကပ်ပြီး အေးဆေးသောက်နေသည်။

Jisungတစ်ယောက်တည်းမဟုတ်။ သူ့သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ChangBin, HyunJin နဲ့Yong Bokလည်းပါတယ်။ သူတို့တစ်သိုက်ကဒီနေရာကို ပထမဆုံးရောက်ဖူးတာ။ KTVလောက်သာသွားဟဲဖူးတဲ့ သူတို့အဖွဲ့က အတွေ့ကြုံရအောင် night club လာကြည့်တာ။ အိမ်အသီးသီးကို‌
တော့Hyunjinအိမ်မှာစာလုပ်ဖို့စုမယ်လို့ အဖြူရောင်မုသားလေးနဲ့ ခွင့်တောင်း။ Hyunjinမိဘတွေကတော့ သူတို့ခရီးသွားနေတုန်းလာပြီးစောင့်အိပ်ပေးတယ်မှတ်လို့ သူ့သားသူငယ်ချင်းတွေကို ကျေးဇူးတွေတင်နေ။ Jisungတို့လေးယောက်လုံးကတော့ တိုင်ပင်ပြီး clubကိုလာကြ ညနက်ရင်ပြန်ပို့ပေးဖို့ အငှားယာဥ်မောင်းကိုတောင် ကြိုချိတ်ထားပြီးသား။ ဘယ်လောက်တောင်ပိုင်နိုင်လိုက်တဲ့အစီစဥ်လဲ။

တစ်ခါမှnight outမထွက်ဖူးတဲ့သူတို့ပုံက မျောက်အုန်းသီးရတယ်ပြောရမလား သူကြီးလက်ထဲသေနတ်ရောက်တယ်ပဲပြောရမလားပဲ။ clubထဲစစရောက်ချင်းကတော့ အခုမှမြို့ကိုတက်လာတဲ့တောသားတွေလိုပဲ။ သူလိုငါလိုကျောင်းသားအရွယ်တွေပဲကို သူတို့မှာငေးကြည့်ပြီးတဝိုးဝိုးနဲ့..alcoholအတွေ့ကြုံကတော့ရှိပြီးသားမို့ အဆင်ပြေသည်။ အိုကေမှစိုပြေနေသော ညတစ်ညပါပဲ။

"အခုလိုခိုးလုပ်ရတာ ပျော်စရာကောင်းသားပဲနော်"

Yong bokရဲ့ပျော်မြူးဖြီးတီးနေတဲ့ အသံကိုကျန်တဲ့သူတွေကလည်း ခေါင်းတညိတ်ညိတ်ထောက်ခံလို့။

"အိမ်တွေကိုညာရတာတော့မကောင်းဘူး"

Hyunjinကတော့ ညည်းတွားသည်။ တကယ်တော့သူတို့လည်း လုပ်ချင်လို့သာခိုးလုပ်ရတယ် ညာရတာစိတ်မသက်သာဘူး။

Hannie, You are My StoryWhere stories live. Discover now