"ဟုတ်ပြီးပြီ"
ကောင်း ထည့်နေသည့် အိတ်ကိုလက်စသတ်ပိတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ကောင်လေးကတော့ ခုတင်ပေါ်တက်ပြေးတာပေါ့။ သူရဲ့ ကိုယ်ကလွဲရင် ကြောက်တတ်တဲ့ စိတ်အခြေကိုတော့ ‌နောက်နေ့အခွင့်ကြုံရင် ဖျောက်ပေးဦးမယ်။

"ပြီးရင် သွားကြရအောင် သားယူချင်တဲ့ဟာတွေ မေ့နေဦးမယ်နော်"

"အကုန်ပါတယ်ဖေဖေ"

"အေးပါကွာ ဟုတ်ပါပြီ၊ လာလာ အောက်မှာ မနက်စာစားသွားရအောင် မေမေစောင့်နေတယ်"

ကောင်း တံခါးပေါက်မပိတ်ခင် ခုတင်ပေါ်ကကောင်လေးကို နောက်ဆုံးအနေနဲ့ လှမ်းကြည့်လိုက်မိသည်။

တမ်းတခြင်းတွေက ဘယ်သူ့ထံကလဲဆိုတာ မသိသော်လည်း ရင်ဘတ်နှစ်ခုကတော့ စိုစွတ်‌နေခဲ့တယ်။
သက်သေတွေကတော့ မျက်၀န်းထဲက ငွေ့ရည်တွေပဲ။

"ကောင်း မင်း အဆင်ပြေသွားပြီလား"
ထမင်းစားခန်းထဲ ၀င်၀င်ခြင်း ထိုင်စောင့်နေသည့် မေမေကတော့ နာမ်စား‌အသစ်အဆန်းတွေ‌သုံးပြီး ကောင်းကို ဆို့နင့်စေပြန်တယ်။

"ဟုတ်"
ကောင်းနဲ့ ဖေဖေထိုင်ခုံမှာ ၀င်ထိုင်လိုက်ကြပြီး မနက်စာစားနေလိုက်သည်။ မေမေစိုက်ကြည့်နေတာ သိသော်လည်း မော့မကြည့်ရဲပါ။

ကောင်းကိုဘာလို့ မေမေစိတ်ဆိုးနေတာလည်း ဆိုတာ သေချာမသိ။ ဟို ကောင်လေးကို ခေါ်ထားလို့လား။ အခုပုံစံ ကြည့်ရတာတော့ မေမေသေချာသိပုံမရသေး‌ပေ။ ဒါပေမဲ့ အခုမေမေက မီးမညှိရသေးတဲ့ ကောက်ရိုးပုံကြီးနဲ့တူနေတာကြောင့် မီးစတစ်စလေးပင် မထိမိအောင် သေချာသတိထားနေရသည်။

"ထိပ်ထားရာ မင်းတစ်ချိန်လုံး သားကိုပဲစိုက်ကြည့်နေ‌တော့မှာလား၊ သားစားရတာမဖြောင့်အောင်ကွာ"
ဖေဖေကပြောတော့ ‌မေမေက...
"ကျွန်မသားကိုတောင် ကြည့်ပိုင်ခွင့်မရှိတော့ဘူးလား"

"အဲ့လိုမဟုတ်ဘူးလေ မင်းက ရိုးရိုးကြည့်တာမှမဟုတ်တာ၊ ငါပြောပြီးပြီပဲ ခရီးထွက်လိုက်ရင် အဆင်ပြေသွားမှာလို့ မနေ့ညကလည်း အတန်တန်မှာပြီးပြီကိုကွာ"

ဖေဖေ မနေ့ညက မေမေ့ကိုဘာတွေပြောထားလဲမသိပါ။ သို့သော် မေမေကတော့ တစ်ခုခုကိုတွေးမိသွားသလို ဘာမှဆက်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။
တဆိတ် မေမေ့ရဲ့ မျက်လုံးထဲမှာ မလုံမလဲ ဖြစ်ခြင်းတွေကို တွေ့လိုက်ရသလားလို့။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now