"အင်း"

ကောင်လေး ခုတင်ပေါ်ကဆင်းလာပြီး ကောင်းနားကို ရောက်လာတယ်ဆိုတာ ခံစားမိပေမဲ့ နောက်ကိုလှည့်မကြည့်ဖြစ်။ အင်္ကျီထည့်ခြင်းအမှုကိုသာ ဆက်လက်လုပ်‌ဆောင်နေမိသည်။

"ကို..ကို သားကို စိတ်မဆိုးပါနဲ့ သားမနေတတ်လို့ပါ ဟင့်"
ရှိုက်သံတွေထွက်သည်အထိ တရှုံ့ရှုံ့ငိုနေတော့ ကောင်း မစိမ်းကားရက်တော့ပါ။

"ကိုကို စိတ်မဆိုးပါဘူး ဒီအတိုင်းပဲ အင်း..ဒီအတိုင်းပဲ ဘာမှမဖြစ်ဘူး"
ကောင်း သက်ပြင်းဖွဖွချရင်း ပြောလေတော့ ကောင်လေးက ဟုတ်ရဲ့လားဆိုသည့် ရှာဖွေအကြည့်ဖြင့် စူးစမ်းလေရဲ့။ သူ့ညီမလေးမှာရှိတဲ့ မျက်လုံးဝိုင်းကြီးတွေထက်ပင် ပို၍ကြီးမားသည့် ပုလဲလုံးတွေက စိုစွတ်နေတော့ အကာအကွယ်ဖြစ်တဲ့ မျက်တောင်မွေးရှည်တွေကလည်း မည်းခဲနေလေရဲ့။

"အဲ့ဆို ဘာလို့စကားမပြောတာလဲ"

"ဒီအတိုင်းပဲ ကိုကို နည်းနည်းပင်ပန်းနေလို့နော် စိတ်ဆိုးတာမဟုတ်ဘူး"

"အခု ကိုကိုတို့ သွားတော့မှာပေါ့နော်"
ကောင်လေးက မျက်နှာ‌ငယ်လေးနဲ့ မေးလာတော့ ကောင်း ဘယ်လိုပြန်ဖြေရမှန်းမသိ။ 'အင်း ဟုတ်တယ် ကိုကို မရှိတဲ့အချိန်လိမ်လိမ်မာမာနေခဲ့နော်' လို့လည်း မပြောရက်။ သူ့မှာ ကိုယ်ကလွဲရင် ဘယ်သူမှမရှိလေတော့ ကောင်း သေချာနားလည်ထားတဲ့ အထီးကျန်ဆန်မှုကို ထိုကောင်‌လေးအတွက်တော့ လက်ဆောင်မပေးချင်ပါ။ အဲ့တာက ဘယ်လောက်၀မ်းနည်းစေတယ်ဆိုတာ ကောင်းကောင်းသိတယ်လေ။

တစ်ယောက်တည်းလည်း ချန်မထားရက်ခဲ့ ခေါ်သွားဖို့ကျ ၀န်လေးနေမိတဲ့ ကောင်းရဲ့ဒွန်တွဲနေတဲ့ စိတ်ကြောင့် ကိုယ်တိုင်လမ်းစပျောက်နေမိသည်။

"အင်း ဟုတ်တယ်"
‌နောက်ဆုံးတော့ စိတ်ကိုချုပ်တည်းပြီး ပြောလိုက်တဲ့ စကားကလည်း ကောင်လေးကို အလိုအလျောက် "အော်" ဆိုတဲ့ အာမေဍိတ်စကားတစ်လုံးကိုသာ တုံ့ပြန်စေခဲ့ပြီး ၀မ်းနည်းစေပြန်တယ်။

"သားပြီးပြီလား"
ဖွင့်စရာမလိုတဲ့ တံခါးပေါက်ကိုတောင် အသံပေးပြီးမှ ၀င်တဲ့ဖေဖေက အားလုံးကို သိပြီးသားဖြစ်မှာပေါ့လေ။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now