အပိုင္​း - 3 Unicode

2.3K 152 1
                                    

သူလေ အိမ်မှာကောနေရဲ့လားမသိဘူး မိုးလင်းရင်ထွက်သွားပြီ ပြန်လာရင်လဲမိုးချုပ်မှပြန်လာတယ် ရှားရှားပါးပါး ဟိုနေ့က အန်တီမိတ်ဆက်ပေးလို့ အဲ့ဒီ့တစ်ခါပဲသူနဲ့စကားပြောဖူးသေးတယ်။

သူကပဲအရှောင်ကောင်းတာပဲ ကျွန်မကပဲ သူ့ကိုလိုက်ကြည့်မိနေတာလားတော့မသိဘူး သူ့ကိုပဲတွေ့ချင်နေမိသည်။

အခုသူတို့အိမ်ရောက်နေတာ တစ်ပတ်ရှိသွားပြီ အမေဖြစ်သူကဆက်ဆံရေးကောင်းသလောက် အဲ့မှော်ဘဝင်ဆိုတဲ့သူက နာမည်နဲ့အောင်ဘဝင်လေဟက်နေတာလားမသိခဲ့ပေ။

အဝတ်အစားတွေဆိုရင်လဲ ဝတ်လိုက်ရင်အနီအမဲတောထဲကမထွက် သူအဲ့လိုတွေတော်တော်ကြိုက်တယ်နဲ့တူသည်။ ကျွန်မနဲ့ဆန့်ကျင်ဘက် ကျွန်မကနာမည်နဲ့လိုက်အောင်အဖြူရောင်အရမ်းကြိုက်တာ။

ကျွန်မအကြိုက်ဆုံးပန်းက စံပယ်ပန်းလေ အရောင်လေးကလဲအဖြူရောင် အနံ့လေးကလဲမွှေးမွှေးလေး သူ့ကကော အဖြူရောင်မကြိုက်တက်ဘူးလား။

"သမီးရော့ သမီးအတွက် လိုရမယ်ရ အန်တီဝယ်ပေးတာ.."

လိုရမယ်ရဆိုပြီး ကျွန်မရှေ့ကို ဖုန်းတစ်လုံးလာချပေးတယ် ဒါပေမဲ့ကျွန်မကမှဖုန်းမကိုင်ချင်တာ မကိုင်ချင်လို့တောင် အမေ့ကိုဝယ်ခိုင်းတာမဟုတ်။

"အဲ..အန်တီ သမီးဖုန်းမကိုင်တက်ဘူး..."

ကျွန်မစကားကိုနားမလည်ပဲ အံသြသွားမယ်ထင်ရလို့ အမြဲပဲဖြေရှင်းချက်ပေးရပါသေးသည်။

"ဟို..သမီးပြောတာက ဖြူကအစထဲကဖုန်းမကိုင်တာ အဲ့တာကြောင့် ဖြူ့အတွက်မလိုလောက်ဘူးလို့ပြောတာ ပြီးတော့ အန်တီသမီးအတွက် အခုလိုလုပ်ပေးတာအားလဲနာတယ်.."

အိမ်မှာပေးနေတာတောင်လွန်လှပြီ ဒီလောက်ထိ သူ့ကိုသဘောကောင်းဖို့မလိုပါဘူး ဒီတိုင်းလဲအဆင်ပြေနေပါပြီ သူ့အတွက်။

"အဲ့လိုတော့ဘယ်ဟုတ်မလဲသမီးရယ် သမီးလဲအရွယ်ရောက်ပြီးသား မိန်းခလေးပဲ ဖုန်းလေးတစ်လုံးလောက်ကတော့ကိုင်သင့်တာပေါ့ အဲ့တာဆိုရင်သမီးအမေနဲ့လဲ စကားပြောလို့ရတာပဲ အန်တီ့ကိုအားမနာပါနဲ့ လိုရမယ်ရယူထားလိုက်ပါသမီးရယ် လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်.."

✉ အဖြူရောင်ပန်းချီကား-အျဖဴရောင်​ပန်းချီကား ✉ [Completed-4]Where stories live. Discover now