အပိုင်း - 9

3.6K 224 19
                                    

At Japan,Tokyo City,

ကျွန်​မနာမည်​ Kurio Mira အရင်​က​တော့အဖြူ​ရောင်​​ပေါ့ ဒါ​ပေမဲ့အဲ့ဒီ့အဖြူ​ရောင်​ဆိုတဲ့သူက ကားအက်​ဆီးဒင့်​ ဖြစ်​ပြီးထဲက​သေသွားပြီ။

အခုကျွန်​မက Mira ​တစ်​စုံတစ်​​ယောက်​ကိုမုန်းဖို့ကြိုးစားရင်း စိတ်​​ရောကိုယ်​ပါ​ပြောင်းလဲသွားတဲ့ကျွန်​မ အခုကျွန်​မစိတ်​ထဲမှာ သူ့ကိုမုန်းတဲ့စိတ်​​တွေပဲရှိ​တော့တယ်​ ဟုတ်​တယ်​ကျွန်​မသူ့ကိုမုန်း​နေတာ ကျွန်​မခံစားရတာ​တွေထပ်​ဆယ်​ဆ​လောက်​ပြန်​ခံစားရ​အောင်​ လက်​တုံပြန်​နိုင်​​နေပြီဖြစ်​တဲ့ကျွန်​မ။

ဒီ​ရောက်​ပြီး​နောက်​ပိုင်း ​သေချာ​အောင်​​ပြောရ​ရင်​ အက်​ဆီးဒန့်​ဖြစ်​ပြီးမှ ကျွန်​မစိတ်​​တွေ​ပြောင်းလဲခဲ့တာ အရင်​ကဆို ဖြူလို့သာသုံးနှုန်းခဲ့တဲ့သူက အခုဆိုကျွန်​မလို့ပဲသုံး​တော့တယ်​ အရင်​ကစိတ်​သ​ဘော​ထား ​ကောင်းတဲ့သူလို့သိထားတဲ့အဖြူ​ရောင်​ဆိုတဲ့​နေရာမှာ ကိုယ့်​ကို​ကျောရင်​ ကိုယ့်​ကိုထိခိုက်​​အောင်​လုပ်​ရင်​လက်​တုံ့ပြန်​တက်​တဲ့သူဖြစ်​​​နေပြီ။

ကျေနပ်​တယ်​ဒါမှလက်​စား​ချေတဲ့အခါ​ပျော်​​ပျော်​ကြီးလက်​စား​ချေနိုင်​မှာ ​နောက်​ဆုံးချိန်​ထိပြုံး​နေတဲ့သူမျက်​နှာကိုပြန်​မြင်​​ယောင်​တိုင်း အသဲနာ​လေယက်​​အောက်​ခံပြင်းမိပါ​သေးတယ်​။

မာမီတို့ကကျွန်​မကိုအက်​ဆီးဒန့်​​ကြောင့်​ အတိတ်​​တွေ​မေ့သွားပြီထင်​​နေကျတာ တကယ်​​တော့​ အတိတ်​​မေ့တာမဟုတ်​ပဲ ​မေ့ချင်​​ယောင်​​ဆောင်​​နေတာဆိုပိုမှန်​မယ်​ ဒါမှသူလိုသလိုပုံသွင်းနိုင်​မှာ​လေ အဲ့ဒီ့အတွက်​​တော့ မာမီ့အတွက်​စိတ်​မ​ကောင်းပါဘူး တစ်​ခု​ကောင်းတာက အဲ့လိုလုပ်​လိုက်​လို့ ​ပျော်​​နေမဲ့သူဝမ်းနည်း​နေမဲ့သူရှိမှာမှမဟုတ်​တာ အဟက်​...သူက​ကောစိတ်​ပူမယ်​ထင်​လား ​ဝေးပါ​သေးတယ်။

စိတ်​ချပါ အခုချိန်​ထိစိတ်​ပါလက်​ပါနဲ့​ပျော်​​အောင်​​နေလာတာ အချိန်​တန်​ပြီလို့ထင်​ပါတယ်​ ​မှော်​ဘ၀င်​ အရင်​ကလိုမမလို့​တော့ ကျွန်​မစိတ်​ထဲမှတ်​မထား​တော့ဘူး ရှင်​ကကျွန်​မအတွက်​ပဲ ​မှော်​ဆန်​​နေမလား ကျွန်​မကပဲရှင့်​ကို​မှော်​ဆန်​​အောင်​ ပြုစားနိုင်​မလားဆိုတာ​စောင့်​ကြည့်​​နေလိုက်​ပါ ​မှော်​ဘ၀င်​။

✉ အဖြူရောင်ပန်းချီကား-အျဖဴရောင်​ပန်းချီကား ✉ [Completed-4]Where stories live. Discover now