အပိုင်း - 7

3.4K 196 6
                                    

"၀ိုး...​နောက်​ဆုံး​တော့ ငါလုပ်​နိုင်​သွားပြီပဲ.."

ဘ၀င်​ကသူကိုယ်​တိုင်​လုပ်​ထားတဲ့ cake ကိုကြည့်​ပြီး အားရ​ကျေနပ်​မှုအပြည့်​နဲ့​ပြော​နေပါသည်​ မျက်​နှာမှာလဲ ပြုံးလို့။

"ဒီ​လောက်​ဆိုငါတို့နှစ်​​ယောက်​ပြန်​အဆင်​​ပြေနိုင်​ပါရဲ့အဖြူ​ရောင်​..."

ရှေ့ဆက်​မ​ပြောဖြစ်​တဲ့သူမရဲ့စကား​တွေကို​တော့ သူ့အသိစိတ်​ထဲမှာပဲ မြုတ်​နံထားလိုက်​ပါ​တော့တယ်​ ဘယ်​​တော့မှဖွင့်​​ပြောဖြစ်​မဲ့ စကား​မျိုး​။
ထိုချိန်​ ​သော်​ဇင်​ကလဲ kitchen room ထဲကိုဝင်​လာပြီး ​ဘ၀င့်​​နောက်​နားက​နေပဲရီသံ​​ပေးမိသလိုဖြစ်​သွားခဲ့ပါတယ်​။

"ဘာ​တွေများသ​ဘောကျစရာရှိလို့ပြုံး​နေတာလဲမမရဲ့"

သူမအ​နောက်​က​နေ​သော်​ဇင့်​အသံကိုကြားလိုက်​ရ​တော့ cake  ကိုင်​ရင်းနဲ့ပဲသူ့ဘက်​လှည့်​လိုက်​ပြီးပြန်​ပြုံးပြလိုက်​ပါသည်​ ပြီး​တော့ သူ့များအတွက်​သီးသန့်​ရည်​ရွယ်​ပြီးလုပ်​​ပေးထားတဲ့ cake ကိုအထူးအဆန်းလုပ်​ပြီးပြုံးစစနဲ့​ငေးကြည့်​​နေပါ​တော့သည်​။

သော်​ဇင်​...သူသိသည်​ အဖြူ​ရောင်​ကဘယ်​လိုအ​​ရောင်​ကိုကြိုက်​ပြီး ဘယ်​လိုအရသာကိုကြိုက်​တက်​လဲဆိုတာ​မေး​နေကထဲက မမ တစ်​ခုခု​တော့တစ်​ခုခုပဲဆိုတာကို ပြီးမှသူ့ကို​ချော့တဲ့အ​နေနဲ့ cake ​လေးလုပ်​​ပေးချင်​လို့တဲ့​လေ။

ဒီလိုကျ​တော့​လဲမမကိုသူများစိတ်​ခံစားချက်​ကို နားလည်​​ပေးနိုင်​တဲ့သူတစ်​​ယောက်​အဖြစ်​မြင်​နိုင်​​ပေသည်​။ ဒါ​ပေမဲ့ မမစိတ်​ထဲမှာ ဘာ​တွေဘယ်​လို​တွေး​တော​နေတယ်​ဆိုတာ​တော့သူမ​တွေးနိုင်​။

"ဘယ်​လိုလဲ ငါလုပ်​ထားအဆင်​​ပြေရဲ့လား..."

လက်​ဖ၀ါးသာသာ​လောက်​သာရှိ​သော ​cake ​လေးကိုကြည့်​လိုက် ဘ၀င့်​ကိုကြည့်​လိုက်​နဲ့​သော်​ဇင်​ပြုံးမိပါသည်​။

"အဲ့တာကကျွန်​​တော့်​ကို​မေး​နေတာထပ်​ မမ ​ပေးချင်​တဲ့သူကို​မေးရမှာ သူကကာရကံရှင်​​လေ"

✉ အဖြူရောင်ပန်းချီကား-အျဖဴရောင်​ပန်းချီကား ✉ [Completed-4]Where stories live. Discover now