အဖြူ​ရောင်​ ★ Z+U

3.1K 213 2
                                    




မချစ်​ခဲ့ပါနဲ့လား...















ပ​လေတိုက​ပြောတယ်...





xxxxxxxxxx

မနာကျင်ပါဘူးလို့ပြောရင် ယုံမှုလား...။

သေမလောက်ကိုနာကျင်ရတယ်

ချစ်ရတဲ့သူကို ခါးခါးသီးသီးပြောမိတဲ့ ကိုယ်ကိုယ်တိုင်ကို မုန်းတယ်။

မချစ်ခဲ့ပါနဲ့လား...

အရင်လိုသာဆက်ဆံခဲ့မယ်ဆိုရင်

ရှင်လဲနာကျင်မှာမဟုတ်သလို ကျွန်မလဲခံစားရမှာမဟုတ်ဘူး။

ဒါကအတ္တကြီးတာမဟုတ်ဘူးနော်

အချစ်ကြီးတာ အချစ်ကြီးလို့အမြတ်ကြီးခဲ့မိတာ။

ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး

မုန်းမသွားဖို့ပဲတောင်းဆိုချင်မိတာပါ။

ထွက်သွားတဲ့သူထက် ကျန်ခဲ့သူကပိုနာကျင်ရတယ်ဆို ယုံမှာလား။

ဒီတစ်ခါတော့ မမရဲ့အချစ်ကို ပြန်တောင်းဆိုပါရစေ...

မှော်ဘဝင်ဆိုတဲ့မမရဲ့ ခြေဖျားအောက်မှာ ဒူးထောက်ခစားမဲ့သူက

ဒီလူသား အဖြူရောင်ဖြစ်နေလို့ပါ။

မုန်းလို့ရက်စက်ခဲ့ရတာမဟုတ်ပါဘူး...

ချစ်လွန်းလို့ မမရဲ့အချစ်တွေကို မမြင်နိုင်လောက်အောင်

ကိုယ့်အတွက်ပဲကြည့်နေခဲ့မိလို့ အတ္တတွေဖုံးလွှမ်းပြီး

အချစ်မျက်ကန်းသမဖြစ်သွားခဲ့ရတာပါ။

ပလေတိုကပြောတယ်...

ချစ်ပြီဆို အဆုံးစွန်ထိချစ် မုန်းပြီဆို ပြတ်ပြတ်သားသားမုန်း

ချစ်သလိုမုန်သလိုလုပ်ရင် ကိုယ်ပဲနာကျင်ရတယ်တဲ့...။

အခုမမနဲ့ဖြူနဲ့ကြားမှာ အဲ့လိုတွေဖြစ်နေလို့

အခုလိုအနေဝေးနေရတာလားမမရယ်...။

xxxxxxxxxx

#TBC

#trollz

✉ အဖြူရောင်ပန်းချီကား-အျဖဴရောင်​ပန်းချီကား ✉ [Completed-4]Where stories live. Discover now