သားက သူ့ပါးပါးပေါ် ခွတတ်ကာ ရင်ဘက်ပေါ်ထိုင်လိုက်သည်။ ပြီးနော် ပါးကိုတစ်ချက်နမ်းလိုက် မေမေထတော့လို့ နိုးလိုက်လုပ်နေတော့သည်။

"ဒယ်ဒီပါလာနိုး မေမေကအိပ်ပုတ်ကြီးတယ် ဟွန့်....

ကျနော်တို့ သားအဖေနှစ်ယောက် လူယုတ်မာ အပြုံးပြုံးလိုက်ကာ အကို့ ပါးကို တစ်ယောက်တစ်ဖတ် ဖိနမ်းလိုက်တော့ အကို့ကိုယ်က လှုပ်လာသည်။ ထို့နောက် ကျနော်တို့သားအဖလည်း တစ်ပြိုင်နက်ထဲ.....

"ထတော့ဗျို့ ဟားး.....

"ခ်ခ်ခ် မေမေထတော့ မေမေထတော့......

"မိန်းမရေ ထတော့ မိန်းမလေးလင်းရေထတော့ကွာ.......

နူတ်ခမ်းကြီးဆူလာကာ သားရဲ့ကိုယ်ကို လက်တစ်ဖက်နဲ့ညစ်ကာ ကျနော်ခေါင်းကိုလည်း လက်တစ်ဖက်ညစ်လိုက်ကာ

"မှတ်ပြီလားဟမ် မိန်းမခေါ်ချင်အုံး မေမေခေါ်ချင်အုံး......

"ဟားဟား နာတယ်နာတယ်တော်ပြီကြောက်တယ် ကြောက်တယ်......

"အ့.... ကြောက်ပြီပါးပါး ခ်ခ်ခ်.....

"နောက်ခေါ်အုံးမှာလား.....

"ခေါ်တော့ဘူး ဟားး....

"ခ်ခ်ခ်ခေါ်ပု......

ကျနော်တို့သားအဖ အရှုံးပေးမှ လွှတ်ပေးသေား သားသွန်းပါးပါးရယ်ပါ။မျက်နာကို ကျနော်တို့ သုံးယောက်အတူသစ်ကာ ဒီနေ့အတွက် အင်္ကျီဆင်တူ အဝါလေးတွေဝတ်ကာ ထွက်လာခဲ့ကျသည်။

ကစားကွင်းရောက်သည်နှင့်သားသွန်းက ပျော်ကခုန်ပေါက်နေတော့သည်။ သားစီးချင်တဲ့ မြင်းရထားလေးအပေါ်တင်ပေးကာ ကျနောတို့က ဘေးကနေရပ်ကြည့်နေမိသည်။ ထိုစဥ်အကိုက

"ကေျးဇူးပါခွန်း.....

"ဘာအတွက်လည်း အကို.....

"သားလေးကိုချစ်ပေးလို့ပါ မောင်.....

အကိုဆီက ကျနော်အတွက်ခေါ်လိုက်တဲ့ နမ်းစားလေးတစ်ခုကြောင့် ကျနော်အကို့ကို အံသြစွာငေးကြည့်နေမိသည်။ အကိုကတော့ရှက်လို့ထင်သည် ခေါင်းငုံထားဆဲ။ ကျနော်အကို့ကိုယ်လေးကိုဖတ်ထားလိုက်သည်။

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now