~~~~~~~~~~~~~~~~

"မေမေ ဟိုလေ..ဆုံးပါးသွားတဲ့ လူတွေအတွက် ဘယ်လိုလှူဒါန်းပေးလို့ရလဲဟင်"
မနက်စာစားနေရင်း မသက်ဆိုင်သည့် မေးခွန်းကိုမေးလိုက်တော့ ဖေဖေရော မေမေရော ကောင်းကို ပြိုင်တူ ငဲ့ကြည့်လာကြသည်။

"သားက ဘာလို့သိချင်ရတာလဲ"

"သားက ဒီအတိုင်းပဲ စိတ်၀င်စားပြီး သိချင်လာလို့ပါ"

"မေမေသိသ‌လောက်တော့ သူတို့ကို ရည်စူးပြီး အလှူအတန်းလုပ်ပေးလို့ရတယ်၊ ပြီးရင် အမျှဝေပေးလို့လည်းရတယ်၊ ဒီလောက်ပဲ သိတယ်"

"သူတို့ကို ရည်စူးပြီး ဆိုတာက နာမည်သိမှရမှာပေါနော်"

"ဒါပေါ့ နာမည်မသိဘဲနဲ့ ဘယ်လိုခေါ်ပြီး အမျှဝေမှာလဲ၊ ဒီအတိုင်း အလှူအတန်းလေး လုပ်ပြီး အားလုံးကိုအမျှဝေပါတယ်ဆိုပြီး လုပ်လို့တော့ရတယ်၊ ဒါပေမယ့် ရည်စူးချင်ရင်တော့ နာမည်သိရမယ်လေ"

"ဟုတ်"

"ကဲ စကားပြောကောင်းနေလိုက်ကြ သားအမိတွေ၊ ဖေဖေ ‌ဆေးရုံသွားတော့မယ်"

"ဟုတ်ဖေဖေ ဟီး စကားပြောနေတာနဲ့ ဖေဖေ့ကိုတောင်မေ့သွားတယ်"
ဖေဖေရဲ့ သားပီသစွာ ဖေဖေကိုယ်တိုင် မစခင်ကိုယ်ကကြိုပြီး စထားလိုက်သည်။

"အေးပါကွာ အဲ့တာကြောင့် ဖေဖေ၀မ်းနည်းသွားပြီ၊ သွားတော့မယ်"
သွားခါနီးကို မျက်နှာငယ်လေးနဲ့ သနားကမား လုပ်ပြသွားသေးတာ။ ဖေဖေကတော့ တကယ်ကို နှစ်ယောက်မရှိပဲ..

"ဟား ဟုတ်ပါပြီ ဖေဖေရာ"

~~~~~~~~~~~~~

"ဟေ့ မင်းကိုပြောစရာရှိတယ်"
ကောင်း အခန်းထဲ ၀င်၀င်ခြင်း သူထိုင်နေသည့် နေရာကို ပြေးသွားလိုက်သည်။

"ငါပြောတာကလေ မင်းကို ငါကျွတ်လွတ်သွားအောင် လုပ်ပေးလို့ရပြီလို့ ပြောတာ"
ကောင်လေးရဲ့ မျက်နှာလေးက ညှိုးနွမ်းသွားပြန်သည်။
ကောင်း ဘာလို့လဲ နားမလည်ပါ။ ဒါက သူ့အတွက် ကောင်းတဲ့ ကိစ္စမဟုတ်ပေဘူးလား။

"ဘာဖြစ်လို့လဲ ဒါက မင်းအတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား"

သူက ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ကြမ်းပြင်အောက်ထိရောက်မတတ် ငုံ့ထားတော့သည်။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now