ဇွဲလေး စိတ်ထဲကရေရွတ်မိသည်..ဇွဲလေး ညနေကကိစ္စဖြစ်ပြီးတည်းက စိတ်နဲ့လူနဲ့မကပ်တော့..
ခုလည်း အဲ့ကိစ္စကခေါင်းထဲရောက်လာပြန်တော့ တစ်ကိုယ်လုံးထူပူလာလေပြီ....
"ဒီတခါတော့ ဘာဆင်ခြေဆင်လက်မှ ပေးလို့မရတော့လို့ ခေါင်းကြီးငုံ့ပြီးရေငုံနှုတ်ပိတ်နေပြီပေါ့..ပြောပြန်ရင်လည်း မြတ်သီရိ လွန်ရာကျဦးမယ်..အဲ့ နမော်နမဲ့အကျင့်ကို ဘယ်တော့မှဖျောက်မှာလဲ ဇွဲလေးရယ်"
"ဟို..ဟို တီလေး..ကျနော် အိပ်ချင်နေလို့ သွားအိပ်တော့မယ်နော်.."
"ဟမ်..အစောကြီးရှိသေးတယ်လေ..နေမကောင်းဘူးလား မျက်နှာကြီးလည်းနီရဲလို့.."
"ကောင်း ကောင်းပါတယ်..Good Nightနော် တီလေး"
တီလေး သံသယမဝင်ခင် တီလေးရှေ့မှအမြန်ပြေးထွက်လာလိုက်သည်...
တီလေးကတော့ ယောင်နန နဲ့ကျန်ခဲ့မှာမြင်ယောင်သေးသည်..
အခန်းထဲရောက်တော့ မွေ့ယာပေါ်ပစ်လှဲချကာ ညနေကအကြောင်းကိုပြန်တွေးမိတော့ အဖြစ်အပျက်များက ရုပ်ရှင်ဇာတ်ကားပြသလို မြင်ကွင်းထဲ အစီအရီပြန်ပေါ်လာလေသည်....
"ငါအဲ့အချိန်က ဘာလို့မတွန်းဖယ်မိတာလဲ..နှလုံးခုန်နှုန်းတွေမြန်လာတာလဲ သေတော့မလိုပဲ..အားးး!! "
ဇွဲလေး တစ်ယောက် ပြန်တွေးရင်း ကြက်သီးမွှေးညှင်းများထကာ ရင်ထဲမှာလည်းကလိကလိနှင့်...
"နက်ဖြန်တွေ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ ... မတွေ့အောင် ရှောင်နေရင်ကောင်းမလား...ဟုတ်တယ် နက်ဖြန်မတွေ့အောင်ရှောင်နေရမယ်..အီးးး ရှက်လိုက်တာ"
ဇွဲလေး မျက်နှာအားလက်ဖဝါးနှစ်ဖက်နှင့်ဖိအုပ်ရင်း ကုတင်ပေါ်တွင် ဂဏာမငြိမ်စွာ ဟိုလှိမ့်ဒီလှိမ့်နှင့်.....
° ° ° ° ° ° ° ° ° ° ° ° ° °
"တီ~~တီ~~!...."
"ဒေါ်ကြီးမေရေ အိမ်ရှေ့မှာ ကားဟွန်းသံကြားတယ်..ပိုင်ဇေလားမသိဘူး ထွက်ကြည့်ကြည့်ပါဦး..ကျနော်အဝတ်အစားသွားလဲလိုက်ဦးမယ်"
"အေးအေး သားလေး.."
ဒေါ်ကြီးမေ တစ်ယောက် ခြံထဲထွက်ကြည့်တော့ ခြံရှေ့တွင် အနီရောင်ပြိုင်ကားတစ်စီး...
ESTÁS LEYENDO
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Novela Juvenilကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......
Part_23{Unicode}
Comenzar desde el principio
