"အကို . .အကိုလင်း . .

ိုထိုအသံပိုင်ရှင်ကိုမော့ကြည့်လိုက်တော့ ခွန်းပါ။ ခွန်းခန့်လာတာပဲ။ ကျနော်သူ့ကိုပြုံးပြလိုက်သည်။

"အကို ကျတော်နဲ့စကားပြောလို့ရမလား . .

မကတော့ထွက်သွားပေးတော့ ခွန်းရှေ့ကဆိုဖာမှာ ကျနော်ထိုင်လိုက်ကာ

"အကိုဘယ်တွေသွားနေတာလဲ ဘာလို့ကျနော့်ကိုထားခဲ့တာလဲ . . .

"ပြီးပြီးသားကိစ္စတွေကိုဆက်မပြောပဲနေရအောင် စောနကအကိုရဲ့ မိန်းမနဲ့အကိုသားလေးပဲ . .

"ဗျာ မိန်းမနဲ့သားလေး . .

သူနူတ်ဆိတ်သွားသလိုမျက်ရည်တွေပါကျလာတော့သည်။ ခွန်းငါလည်း စိတ်မကောင်းပါဘူး ငါနဲ့မင်းကမဖြစ်နိုင်တော့ဘူးလေ။

"ဟင့်အင်းကျနော်မယုံဘူး ကလေးကအကိုနဲ့လည်းမတူဘူး ကလေးအသက်ကကော မယုံဘူး ကျနော်မယုံဘူး . .

"ယုံတာမယုံတာ မင်းအပိုင်းပါခွန်း ငါသွားတော့မယ် . .

ကျနော်ထလိုက်တော့ ငိုနေတဲ့သူမျက်နာကမော့လာပြီး

"ကျနော်စေ့စပ်ရတော့မယ်အကို ကျနော်ကိုဆွဲထားလိုက်ပါ ကျေးဇူးပြုပြီး . .

'"ငါစိတ်မကောင်းပါဘူးခွန်း မင်းကံကောင်းပါစေ . .

ကျနော်ထွက်လာလိုက်ပြီး သားနဲ့မကိုမစောင့်ပဲကားပေါ်အရင်တတ်သွားလိုက်သည်။ ကားပေါရောက်မှ သိမ်းထားတဲ့မျကိရည်စတို့က အတားအဆီးရှိ စီးကျလာတော့သည်။

ခွန်းရယ်ငါတောင်းပန်ပါတယ် တောင်းပန်ပါတယ်ခွန်း ပျော်အောုနေနော်ခွန်း မင်းသိမှာပါ ငါမင်းကို ဘယ်တော့အချစ်မလျော့ခဲ့သလို မမေ့ခဲ့ပါဘူးခွန်း ။

မနဲ့သားလေးလာတာမြင်လို့ ကျနော်မျက်ရည်စတွေသုတ်လိုက်ကာ အတတ်နိုင်ဆုံးပြုံးထားလိုက်သည်။

"လင်း ကားပေါ်ဘာလို့ကြိုတတ်နေတာလဲ မနဲ့သားကရှာနေတာ . .

"sorryပါမရယ် ကျနော်ခေါင်းကိုက်လာလို့ပါ . .

"ဟင်ပါးပါးခေါင်းကိုက်လို့လား သားသားပျောက်အောင်လုပ်ပေးမယ် . .

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now