(Part-18)U

2.5K 202 1
                                    


​ကောလဟလ ဟူသည်​.......

အချစ်​စစ်​၏ ကံကြမ္မာ ဇာတ်​လမ်းတွဲကို အပိုင်းသုံးပိုင်းခန့်​ထုတ်​လွှင့်​ပြသပြီးချိန်​တွင်​ပြည်​တွင်းမှာ​ရော အာရှမှာပါ ထိုဇာတ်​လမ်းတွဲသည်​အောင်​မြင်​မှုများနဲ့ နာမည်​ကြီးလာခဲ့​လေသည်​။
ထိုသို့​အောင်​မြင်​မှု​တွေနဲ့အတူ​ကောလဟလ တစ်​ခုကလဲ​ပေါ်ထွက်​လာခဲ့​လေသည်​။
ထိုသတင်းက​တော့ Lilyနဲ့ Kingတို့ တွဲ​နေကြသည်​လောဟု ထင်​ကြေး​ပေး​နေကြသည့်​ကောလဟလ တစ်​ခုပဲဖြစ်​၏။

"ဒီအ​ခြေအမြစ်​မရှိတဲ့ သတင်းက ဘယ်​ကဘယ်​လို​ပေါ်လာရတာလဲ ...... "

Kingက ထိုသတင်းကိုကြား​တော့​စိတ်​တွေတိုပြီး​Dennielကို လာရှာ​လေသည်​။ Dennielကလဲ Kingဖြစ်​နေသည့်​ပုံစံကိုကြည့်​ပြီး .......

"ဇာတ်​လမ်းတွဲ အတူတွဲရိုက်​ကြရင်း ဒီလိုပဲ သတင်းထွက်​တာပါ Kingရယ်​......
ဒါမျိုးက ဖြစ်​တတ်​တာပဲကို ...... "

"ဘာကိုဖြစ်​တတ်​တာလဲ ကိုDenniel .....
ဇာတ်​လမ်းတွဲအတူ တွဲရိုက်​ကြရင်း သတင်းထွက်​ကြေ​ကြး ဆိုရင်​တောင်​အဓိကဇာတ်​ဆောင်​မင်းသမီးနဲ့ပဲ ထွက်​မှာ​ပေါ့ ......
သူနဲ့ဘာလို့ ကျွန်​တော်​က သတင်းထွက်​ရမှာလဲ .......
အဓိပ္ပါယ်​မရှိ ....... "

"အဓိပ္ပါယ်​မရှိတာ​တော့ ဘယ်​ဟုတ်​မလဲ Kingရာ .......
ဒီသတင်းထွက်​လာတယ်​ဆိုထဲက မင်းတို့်နှစ်​ယောက်​အ​နေအထိုင်​တစ်​ခုခု လွန်​ကဲ​နေလို့​ပေါ့ ...... "

"ဘာဗျ ...... ကျွန်​တော်​တို့က အဲ့ဒီ့လို ဖြစ်​စရာလား .......
joyနဲ့ ကျွန်​တော်​ချစ်​သူ​တွေဆိုတာ ကိုDenniel တို့လဲသိ​နေတာပဲ ...... "

"ငါ​ပြောချင်​တာက အဲ့ဒီ့လိုမဟုတ်​ဘူး​လေကွာ ......
မင်းနဲ့ Lilyရဲ့​ခင်​မင်​မှုအတိုင်းအတာကို​ပြောတာပါ ...... "

"Lilyနဲ့ ခင်​မင်​မှုအတိုင်းဆိုတာမျိုးက ကျွန်​တော်​တစ်​ယောက်​ထဲမှ မဟုတ်​တာ ......
Lineနဲ့လဲ သူက ဒီလိုပဲ​လေ ..... "

"ဒါ​ပေမယ့်​ဘယ်​တူမလဲ ......
မင်းနဲ့က အရင်​က ချစ်သူဖြစ်ခဲ့ဖူးတဲ့​ပတ်​သတ်​မှု​လေး​တွေရှိခဲ့တာ​လေ ......
အဲ့​တော့ Lilyအ​ပေါ် သံ​ယောဇဉ်​လက်​ကျန်​နဲ့ ...... "

အချစ်စစ်၏ကံကြမ္မာ(Normal)Dove le storie prendono vita. Scoprilo ora