(Part-16)U

2.5K 211 2
                                    


"ငါ့ချစ်​သူ ..."

May Mi နဲ့ shine တို့ဆီကို joyဖုန်းဆက်​ဖြစ်​၏။ ရိုက်​ကူး​ရေး​တွေ​ကြောင့်​အရင်​ကလဲ သူတို့ဆီသို့ မသွားဖြစ်​သလို ရိုက်​ကူး​ရေးပြီးသွား​တော့လဲ Kingရဲ့ အလုပ်​တွေ​နောက်​လျောက်​လိုက်​နေရ၍ သူမ မသွားဖြစ်​ပဲ ရှိ​နေသည်​။ ဖုန်း​ကတော့ ဒီလိုပဲ မကြာခဏဆက်​ဖြစ်​ပါသည်​။

"ငါ အလုပ်​တွေ အရမ်းရှုပ်​နေလို့ နင်​တို့ဆီကို​တောင်​မလာဖြစ်​ဘူး May Mi ရယ်​...
နင်​နဲ့ shine​ရော​နေ​ကောင်းကြရဲ့လား ... "

"ရပါတယ်​joyရယ်​...
Kingက ဒီ​လောက်​နာမည်​ကြီးတာကို နင်​အလုပ်​ရှုပ်​နေမှာ​ပေါ့ ...
ငါတို့နားလည်​ပါတယ်​...
ငါတို့လင်မယားလဲ​အသဲအသန်​နေ​မ​ကောင်းတာမျိုး​တော့ မဟုတ်​ပေမယ့်​လဲ အသက်​တွေ​ကြီးလာပြီဆို​တော့​နေရထိုင်​ရ လှုပ်​ရှား​နေရတာ​တွေက တစ်​နေ့တစ်​ခြား ခက်​ခဲ​လာတာမျိုး​တော့ ရှိတာ​ပေါ့ဟာ ...
နင်​ရော​နေ​ကောင်းရဲ့လား ... "

"အင်း ... လူက​တော့​နေ​ကောင်းပါတယ်​...
စိတ်​က​တော့​နေလို့မ​ကောင်းဘူး ... "

"ဘာဖြစ်​လို့လဲ joy ... "

"ငါ ညက Roseကို အိမ်​မက်​မက်​တယ်​May Mi ... "

Rose သည်​joyတို့ သူငယ်​ချင်း​တွေထဲက တစ်​ယောက်​ဖြစ်​၏​။ joyကို မီး​လောင်​တိုက်​သွင်းခဲ့သည့်​သူမသူငယ်​ချင်း ဆိုလဲမမှားပါဘူး။

"Rose ဟုတ်​လား ...
နင်​ဘယ်လို​အိမ်​မက်​မျိုး မက်​တာလဲ joy "

"ငါ့ကို သူက​ပြောတယ်​သူလုပ်ခဲ့တာေ​တွအတွက် သူ့​ကို ခွင့်​လွှတ်​ပေးပါတဲ့ ...
ငါခွင့်​လွှတ်​ပေးမှ သူလွတ်​လွတ်​လပ်​လပ်​သွားလို့ရမှာတဲ့ အခုသူဘယ်​မှသွားလို့မရဘူး​လို့​ပြောတယ်​... "

"အချိန်​တွေလဲ ကြာခဲ့ပြီပဲ သူအခုထိ မကျွတ်​မလွတ်​သေးတာများလား ... "

" ငါနင်​တို့ဆီလာတုန်းက သူ​သေသွားတဲ့အ​ကြောင်းကိုပဲ ငါသိခဲ့ရတာ​လေ ...
သူဘာ​ကြောင့်​ဆုံးသွားရတာလဲ ဆိုတာ ငါ့ကို​ပြောပြပါလား May Mi ..."

May Mi​တို့​ပြောပြတုန်းက သူမRose​သေဆုံးရခြင်း​အ​ကြောင်းအား နားမ​ထောင်​ခဲ့​ပေ။ ဘာလို့ဆို သူမ Roseကို​တော်​တော်​လေး စိတ်​နာ​နေခဲ့လို့ Rose ဘာအ​ကြောင်းနဲ့ပဲ​သေဆုံးခဲ့သည်​ဖြစ်​စေ သူမ မသိချင်​ခဲ့ပါ​ချေ ။
အခု​တော့ သူမသိချင်​မိသည်​။

အချစ်စစ်၏ကံကြမ္မာ(Normal)Onde as histórias ganham vida. Descobre agora