(Part-14)Z

1.3K 65 0
                                    


"အသွားအပြန်မရှိတဲ့ အချစ်​..."

"အချစ်​စစ်​၏ ကံကြမ္မာ" ဇာတ်​လမ်းတွဲ ရိရိုက်ကူးနေသည့် အချိန်တို့သည် တ‌ဖြေးဖြေးနဲ့ ကုန်ဆုံးလာခဲ့၏။

"ငါမင်းကို ချစ်​သူတစ်​ယောက်​လို လုံးဝချစ်လို့​မရဘူး ...
သူငယ်​ချင်းတစ်​ယောက်​လို ညမ​လေးတစ်​ယောက်​လိုပဲ ချစ်​တယ်​...
အဲ့ဒီခံစားချက်​က ဘယ်​တော့မှ​ပြောင်းလဲသွားမှာ မဟုတ်​ဘူး ...
အဲ့ဒါ​သေချာတယ်​... "

Kingရဲ့ စကားအဆုံးမှာ joyသည်​ရင်​ထဲမှာနင့်​နေ​အောင်​ခံစားရမှုက မျက်​နှာမှာ​ပေါ်လွင်​လာ၏။ ပြီး​တော့ Kingရဲ့ အ​ရှေ့မှာ တစ်​ဖြေး​ဖြေး ဒူး​ထောက်​ထိုင်​ချသွားပြီး မျက်​ရည်​တွေလဲ စီးကျလာ​လေသည်​။ သူမချစ်​မိေ​နေခဲ့​သော ဤ​ယောက်​ကျာင်းသည်​သူမကို မချစ်​နိုင်​ပါဘူးဟု​ပြော​နေ​လေသာအခါ ...။

"ကတ်​... "
အသံကြားတာနဲ့ အားလုံးငြိမ်​သက်​နေရာက​နေ လှုပ်​ရှားလာကြ​လေသည်​။

"​တော်​တယ်​joy အရမ်း​တော်​တယ်​...
ကြည့်​နေတဲ့သူ​တွေ ရင်​ထဲမှာ တကယ်​ထိသွားတာပဲ ... "

ဒါရိုက်​တာကြီးက joy ပုခုံးကို ပုတ်​ပြီး ချီး​ကျူး​နေ၏။ တကယ်​ပဲ ကင်မရာ​ရှေ့မှာ​joyသရုပ်​ဆောင်​နေချိန်​တွင်​အားလုံးစီး​မျောသွားကာ ရင်​ထဲထိသွား​စေသည့်​သရုပ်​ဆောင်​ကွက်​ပါပဲ။

joyက​တော့ ဘယ်​လောက်ထိ​ခံစားချက်​တွေထည့်​ပြီး သရုပ်​ဆောင်​လိုက်​သည်​မသိ​ပေ။ "ကတ်​" လို့​အော်​လိုက်ပြီး​တာ​တောင်​ချက်​ချင်းမျက်​ရည်​တွေနဲ့ မျက်​နှာအမူအရာက​ပြောင်းလဲလို့မရ​သေးပါ။
Kingက မျက်​ရည်​ဆက်​လက်​နဲ့ joyကိုကြည့်​ပြီး ပြုံးလိုက်​ကာ ...

"နင်​အရမ်း​တော်​တယ်​joy ...
သရုပ်​ဆောင်​တဲ့ အရည်​အချင်းတိုးတက်​လာတယ်​... "

သူမ​ပြောလိုက်​ချင်​ပါသည်​။ "ငါသရုပ်​ဆောင်​နေတာ မဟုတ်​ဘူးလို့" ...
King သရုပ်​ဆောင်​စဉ်​ပြောလိုက်​သည့်​စကား​တွေက သူမရဲ့ ခံစားချက်​ကို ငိုချင်​လျက်​လက်​တို့သလို ဖြစ်​သွားရကာ သူမသရုပ်​ဆောင်​မှု သဘာဝကျ ပြီးပီပြင်​သွားတာပဲ ဖြစ်​၏
အားလုံးက​တော်​သည်​ဟု ချီးကျူး​နေကြ​သော်​လည်း တကယ်​က သူမသရုပ်​ဆောင်​နေတာ မဟုတ်​ခဲ့ပဲ တကယ့်​ခံစားချက်​အစစ်​များသာ ဖြစ်​နေ​ခဲ့သည်​။

အချစ်စစ်၏ကံကြမ္မာ(Normal)Where stories live. Discover now