(Part-17)U

2.4K 190 1
                                    


နှုတ်​ဆက်​ပါတယ်​အတိတ်​က အဖြစ်​ဆိုး .......

May Miတို့ shineတို့နဲ့အတူ Roseရဲ့ အုပ်​ဂူသို့ joyတစ်​ယောက်​သွားခဲ့​လေသည်​။
ပထမရက်​က​တော့ Roseအတွက်​ကောင်းမှုကုသိုလ်​တွေ လုပ်​ပေးခဲ့သည်​။ သူမတို့သူငယ်​ချင်း​တွေ ပြု သည့်​ကုသိုလ်​အစုစုကို Roseတစ်​ယောက်​ရနိုင်​မှာပါ ......

တိတ်​ဆိတ်​ငြိမ်​သက်​ခြင်းများနဲ့ Roseရဲ့ နားခိုရာ အုပ်​ဂူ​လေးကိုသူမတို့သုံး​ယောက်​ကြည့်​နေမိခဲ့သည်​။

"Rose နင့်​အတွက်​ငါတို့​ကောင်းမှုကုသိုလ်​တွေ လုပ်​ပေးခဲ့တယ်​......
ငါတို့ပြု တဲ့ ကုသိုလ်​ကောင်းမှု​တွေ​ကြောင့်​နင်​ကောင်းရာဘုံဘဝကို​ရောက်​ပါ​စေ Rose ရယ်​...... "
shineက ဇရာ​ကြောင့်​တုန်​ယင်​နေ​သောအသံနဲ့​ပြော​လေသည်​။

"နင်​လုပ်​ခဲ့တဲ့ အပြစ်​တွေအတွက်​အရာအားလုံးကို ငါခွင့်​လွှတ်​နိုင်​ပေးနိုင်​ပါပြီ Roseရယ်​.....
နင်​စိတ်​ဖြောင့်​ဖြောင့်​နဲ့​ကောင်းရာဘုံဘဝကို သွားပါ​တော့​နော်​သူငယ်​ချင်း ...... "

တစ်​ချိန်​က ဆိုးရွားရက်​စက်​စွာ​သေဆုံးခဲ့ရ၍ သူမ​နောင်​ဘဝ​မှာ ထိုအဖြစ်ဆိုး​ကို အမှတ်​ရ​နေဖို့ ဆု​တောင်းခဲ့မိသည်​။

အခုကျ​တော့ Roseအ​ပေါ်မှာ သူမနားလည်​ခွင့်လွှတ်​ပေးနိုင်​ခဲ့၏။ အတိတ်​ဘဝက အဖြစ်​ဆိုးတို့ကိုလည်း ထိုခွင့်​လွှတ်​မှုတို့နဲ့အတူ​သူမ​မေ့​ဖျောက်​ပစ်​ခဲ့ပါပြီ ။

အခုလက်​ရှိအချိန်​တွေကို နာကျည်းမှု​တွေမရှိ​တော့ပဲ​ပျော်​ရွှင်​မှု​တွေနဲ့သာ သူမ​ရှေ့ဆက်​ပါ​တော့မည်​........

နှုတ်​ဆက်​ပါတယ်​အတိတ်​က အဖြစ်​ဆိုး ......
ငါ မင်းကို​လုံးဝ​မေ့လိုက်​ပါပြီ .......

.........................................................

မ​သေချာ​သော မနက်​ဖြန်​.......

Denniel သူငယ်​ချင်း​စိတ်​ပညာ ကျွမ်းကျင်​ပညာရှင်​Dr.Mark နဲ့ joy သွား​တွေ့ဖြစ်​သည်​။ အရင်​ကလဲ တစ်​လတစ်​ခါ​လောက်​ပုံမှန်​သွား​တွေ့ဖြစ်​ပေမယ့်​အခု​နောက်​ပိုင်းမှာ​တော့ သူမ မသွားဖြစ်​ပါ။

အချစ်စစ်၏ကံကြမ္မာ(Normal)Where stories live. Discover now