(Part-5)U

3.5K 273 1
                                    


"အမှတ်​မထင်​ရရှိခဲ့​သော ..."

သူမ​ဆေးရုံတက်​နေသည့်​တစ်​လနီပါးအချိန်​တွင်​ခန္ဓာကိုယ်​က​တော်​တော်​လေးကျန်းမာလာ​ပြီမို့​ဆေးရုံကဆင်းဖို့ ဆရာဝန်​တွေက ခွင့်​ပြုလိုက်​သည်​။ လူငယ်​တစ်​ယောက်​မို့ ပြန်​ကောင်းတာမြန်​သည်​ဟု ဆရာဝန်​တွေက​ပြောကြသည်​။ သို့​သော်​သူမရဲ့စိတ်​တို့က​တော့ ပုံမှန်​ဖြစ်​ဖို့ လိုအပ်​နေ​သေးသည်​။ အထူးသဖြင့်​အချိန်​ကာလကွာဟမှုက သူမအတွက်​သင်​ယူစရာ​တွေများလာခဲ့၏။

လူ့အသုံးအ​ဆောင်​ပစ္စည်း​တွေ နည်းပညာ​တွေ တိုင်းပြည်​ဖွံဖြိုး မှု​တွေက သူမမှတ်​မိ​နေသည့်​1967ခုနှစ်​နှင့်​ယခုလက်​ရှိ 2017ခုနှစ်​မှာ အကွာကြီး ကွာခြား​နေခဲ့သည်​။
အဲ့ဒီ့အရာ​တွေနဲ့ အသားကျဖို့ သူမ​ဆေးရုံမှာရှိ​နေသည့်​အချိန်​တွေမှာ မြင်​သမျှကို မှတ်​သားပြီး​လေ့လာ​နေရ၏။

သူမ၏​အခန်းေ​လးထဲက ပြတင်း​ပေါက်က‌ေနဆေးရုံ အပြင်​ဘက်​ကို လှမ်းကြည့်​လိုက်​ပါက မိုး​မျှော်​တိုက်​တွေနဲ့ တိုးတက်​စည်​ကား​နေ၏။ ထို့ပြင်​လမ်းမကြီးထက်​မှာ သွားလာ​နေသည့်​မော်​တော်​ကားဆိုသည့်​အရာ​တွေကလဲ ပို၍များပြားလာသလို ဒီဇိုင်း​တွေကလဲ​ပြောင်းလဲလို့​နေ၏။
အရင်​တုန်းက တစ်​ယောက်​နဲ့တစ်​ယောက်​ဆက်​သွယ်​ဖို့ တယ်လီ​ဖုန်းဆိုသည့်​အရာသည်​ကြိုးတန်းလန်းနှင့်​ထုထည်​ကြီး​သော်​လည်း အခု​ခေတ်​မှာ​တော့ လူတိုင်းက လက်​ဝါး​လောက်​ရှိပြီး ပါးလွှာ​နေသည့်​စမတ်​ဖုန်းဆိုတာကို ကိုင်​နေကြပါပြီ။
​လူ​တွေ​နေ့စဉ်​အသုံးပြု​နေကြသည့်​internet ဆိုသည့်​အရာ​တွေကိုပါ သူမ​သင်​ယူရပါဦးမည်​။ အဲ့ဒီ့အရာ​တွေက ကမ္ဘာကြီးမှာ ဖြစ်​ပျက်​နေသည့်​အ​ကြောင်းအရာကိစ္စ​တွေကို တစ်​ထိုင်​ထဲ သိရှိနိုင်​သည်​ဟု သူမကြားသိ ထားရသည်​။
သူမသိခဲ့သည့်​တယ်​လီ​ဗေးရှင်းဆိုသည့်​အရာသည် အရွယ်အစားထုထည်ကြီးမားခဲ့ဖြစ်သော်လည်း အခု​ခေတ်​မှာ​တော့ အရွယ်​အစားက ပါးလွှာပြီး ကျယ်​ဝန်းသည့်​မျက်နှာပြင်နှင့် smart TV ဆိုပြီးဖြစ်‌ေနပါပြီ။
ပြီး​တော့ Kingရဲ့ အ​ကြောင်းသိချင်​၍ သူမ​ဆေးရုံကလူ​တွေကို စကား​ပြောရင်း​မေးမြန်းခဲ့၏။ သူတို့​ပြောပြ၍ Kingဆိုတာ ဘယ်​လောက်​ကျော်​ကြားသလဲ W.M Entertainment ဆိုတာဘယ်​လောက်​နာမည်​ကြီးသလဲ သူမသိခဲ့ရ၏။
သူမမှာ ဘယ်​မှတ်​ဥာဏ်​ပဲရှိ​နေသည်​ဖြစ်​စေ​ရောက်​ရှိ​နေသည့်​ကာလ​ရောက်​ရှိ​နေသည့်​နေရာမှာ ရှင်​သန်​ရပ်​တည်​ဖို့အတွက်​အလုပ်​တစ်​ခုခု​တော့ လိုအပ်​သည်​မို့ Dennielဆီမှာ အလုပ်​တစ်​ခုခု​တောင်းဖို့လဲ သူမ စဉ်းစားထားပါသည်​။ အခွင့်​အ​ရေးလိုချင်​လွန်း၍ မဟုတ်​ပါ မဖြစ်​မ​နေလိုအပ်​နေသည်​မို့ ...

အချစ်စစ်၏ကံကြမ္မာ(Normal)Onde histórias criam vida. Descubra agora