(Part-11)Z

1.3K 71 0
                                    


"မှေးမှိန်လာခဲ့သည့် နှလုံးသားထဲက  အချစ်​ဦး ..."

Kingကလည်း ဇာတ်​ကားရိုက်​ကူးမှုကို လက်​ခံလိုက်​သည်​မို့ ဇာတ်ကားမှာပါဝင်သည့်​သရုပ်​ဆောင်​တွေ​တွေ့ဆုံပြီး ဇာတ်​ညွှန်းဖတ်​ပွဲ လုပ်​ကြသည်​။
ခေါင်း​ဆောင်​မင်းသမီးကလည်း နာမည်​ကြီးမင်းသမီးတစ်​လက်​ဖြစ်​သည့်​အပြင်​ကျော်​ကြားသည့်​idol Kingနဲ့ Lineတို့နှစ်​ယောက်​ပါ ဒီဇာတ်​ကားမှာ ပါဝင်​နေတာ​ကြောင့်​ရိုက်​ကူး​ရေး​တွေ မလုပ်​ခင်​ထဲက ပရိတ်​သတ်​တွေကြားမှာ​တော်​တော်​လေး​ရေပန်းစားခဲ့သည်​။

အားလုံး confirm ဖြစ်​ပြီး​နောက်​မှာ​တော့ ရိုက်​ကူး​ရေး​တွေက စတင်​လာခဲ့ကြသည်​။
ထိုအချိန်​မှာမှ ထင်​မှတ်​မထားတဲ့ သတင်းတစ်​ခုက ထွက်​ပေါ်လာခဲ့သည်​။
အဲ့ဒါက Lilyရဲ့ သတင်းပါ ...

"joy​ရေ ပြသနာ​တော့တက်​ပြီ ... "
Hallက joyကို မြင်​တာနဲ့ စ​ပြော​လေသည်​။

"ဘာဖြစ်​လို့လဲ ကိုHall ... "

"Lily ဒီနိုင်​ငံကို ပြန်​ရောက်​နေပြီတဲ့ ... "

joyနဲနဲ​တော့ အံသြသွားပုံရသည်​။

"တကယ့်​ပြသနာက အဲ့ဒါမဟုတ်​ဘူး ... "

"ဒါဆိုဘာလဲ ... "

"သူပြန်​ရောက်​တာနဲ့ အနုပညာအလုပ်​တစ်​ခုကိုလုပ်​ဖို့ လက်​ခံထားတယ်​တဲ့ ...
အဲ့ဒါက ... အဲ့ဒါက ...
ငါတို့အခုရိုက်​မယ့်​ဇာတ်​ကားမှာ သူလဲပါတယ်​တဲ့ ... "

"သူ ဘယ်​နေရာက​သရုပ်‌ဆောင်မှာလဲ ...
ဇာတ်​ညွှန်းဖတ်​ပွဲ​နေ့က သူ့ကိုမ​တွေ့ပါဘူး ...
မဟုတ်​မှလွဲ​ရော ... "
joyတစ်​ခုခုကို စဉ်းစားမိသွား​လေသည်​။

"ဟုတ်တယ် ...
သူက Kingနဲ့ Lineတို့ရဲ့ အတိတ်​ကအချစ်​ဦး​နေရာမှာ သရုပ်​ဆောင်​မှာ ... "

သရုပ်​ဆောင်​တွေ​တွေ့ဆုံတဲ့ ဇာတ်​ညွှန်းဖတ်​ပွဲ​နေ့က အတိတ်​ကအချစ်​ဦး​နေရာမှာ သရုပ်​ဆောင်​မည့်​သူက​ရှိမ​နေခဲ့ပါ​ချေ ။ ထို​နေရာအတွက်​အရင်​ထဲကကြို​ရွေးထားသည့်​သရုပ်​ဆောင်​သည်​ပြောင်းလဲလိုက်​သည်​ဟု ကြားမိ​သော်​လည်း ဘယ်​သူနဲ့​ပြောင်းလိုက်​သည်​ဆိုတာ ဘယ်​သူကမှ​မေးမကြည့်​ဖြစ်​ခဲ့ပါ။ ထိုဇာတ်​ကောင်​အတွက်​နေရာသည်​သိပ်​အ​ရေးမကြီးသလို ဇာတ်​ကွက်​လဲနည်းသည်​မို့ ရိုက်​ကူး​ရေး​နေ့မှ​ရောက်​လာလိမ့်​မည်​ဟု ရိုက်​ကူး​ရေးအဖွဲ့က​ပြောကြသည်​။ အဲ့ဒီ့တုန်းက​တော့ အမှတ်​တမဲ့​နေခဲ့ကြသည်​။ အခု Lilyမှန်းသိသွား​တော့ Kingအတွက်​အရင်​ဆုံး သူမစိတ်​ပူ​နေမိ၏။ သူပြန်​ပြီး ခံစား​နေရ​တော့မှာပဲဟု သူမထင်​ခဲ့မိ​လေသည်​။

အချစ်စစ်၏ကံကြမ္မာ(Normal)Where stories live. Discover now