(Part-15)U

2.6K 208 1
                                    

"ဒီအချစ်ကို​လက်​မလွှတ်​ချင်​ဘူး ..."

သူတို့အနားက​နေ ဖြတ်‌ေလျာက်သွားသည့် လူတစ်‌ေယာက်ကို Kingက​မေးလိုက်​လေသည်​။

"joyကို​တွေ့မိ​သေးလား ... "

Kingက ကုပ္မဏီထဲမှာ​တွေ့သည့်​လူ​တိုင်းကို ဒီ​မေးခွန်းပဲလိုက်​မေး​နေ​လေ၏။ ကြာ​တော့ Hallက သတိထားမိလာပြီး ...

"King မင်း ဘာဖြစ်​လို့ လူတိုင်းကို​ဒါပဲလိုက်​မေး​နေရတာလဲ ...
ဘာလုပ်​မလို့ joyကို အသဲအသန်​လိုက်​ရှာ​နေတာလဲ ... "

"ဘာမှမလုပ်​ဘူး​တွေ့ချင်​လို့ လိုက်​ရှာ​နေတာ "

"​အေး​လေ အဲ့ဒီ့​တွေ့ချင်​ရတဲ့ အ​ကြောင်းအရင်းက​ရောဘာလဲ ... "

"ဘာလို့လိုက်​မေး​နေတာလဲ Hallရာ ...
​တွေ့ချင်​တာ​တွေ့ချင်​လို့ပဲ​ပေါ့ ..."

Kingက Hall လိုက်ေ​မး​နေတာကို စိတ်​မရှည်​ဖြစ်​လာပြီး မှုန်​ကုပ်​ကုပ်​မျက်​နှာနှင့်​ပြောလိုက်​လေသည်​။

"​ဟောဗျာ ... ဒါ​လေး​မေးတာ ငါ့ကိုစိတ်​တို​နေသွားတာလား ... "

Kingက ပြန်​မ​ဖြေပဲ​လမ်းဆက်​လျောက်​သွား​လေသည်​။ Hallကလဲ သူ့​နောက်​က​နေ လိုက်​လာခဲ့ကာ ...

"ဟိုမှာ joy မဟုတ်​လား ... "
Hallက​ပြောလိုက်​တော့ ...။

"ဘယ်​မှာလဲ ... သူ ... "
joy နာမည်​ကြားလိုက်​တာနဲ့ King လှုပ်​လှုပ်​ရှားရှား ထဖြစ်​သွားတာက သိသာလွန်း​နေ၏။

"ဟိုမှာ​လေ ...​အောက်​ထပ်​က ဧည့်​ခန်းမထဲမှာ ... "

သူတို့က အ​ပေါ်ထပ်​မှာမို့ Hall​ပြောလိုက်​တဲ့​အောက်​ထပ်​နေရာကို အ​ပေါ်စီးက​နေ လှမ်းကြည့်​လိုက်​တော့ ...
joyသည်​ဧည်​ခန်းမထဲမှာ Lineနဲ့ အတူတူ ထိုင်​နေကြတာကို သူမြင်​လိုက်​ရ၏။
နှစ်​ယောက်​သား ဘာ​တွေ​ပြော​ပြီး သ​ဘောကျ ကာ ရယ်​နေကြသည်​မှန်းမသိ​ပေ။
မ​နေ့က သူjoyကို ဖွင့်​ပြောပြီးထဲက ဒီ​နေ့ည​နေထိ သူတို့နှစ်​ယောက်​မ​တွေ့ ဖြစ်​ကြ​သေးပါ။
King ဖုန်းဆက်​တော့လဲ လုံးဝမကိုင်​ပေ။ မက်​ဆေ့ပို့တော့လဲ ဘာစာမှပြန်​မပို့​ချေ ။
မနက်​ထဲက joyကအလုပ်​မလာ​ပေ။ သူမအိမ်​ကို သူလိုက်​သွား​ဖို့ကလဲ သူ့အလုပ်​တွေက အပြီးပြတ်​သေးတာမို့ မသွားဖြစ်​ခဲ့​ပေ။ အခုည​နေကုပ္မဏီကို​ရောက်​နေသည်​ဟု သတင်းကြား​လို့ လိုက်​ရှာ​တော့လဲ​တော်​တော်​နဲ့ မ​တွေ့​ပေ။ အခု​တွေ့မယ့်​တွေ့​တော့လဲ joyက Lineနဲ့ ရှိ​နေပြန်​သည်​။
King စိတ်​တိုတိုနဲ့​အောက်​ထပ်​ကို အ​လောတကြီး ဆင်းသွားလိုက်​သည်​။ သူ့ကိုမြင်​တော့ joyမျက်​နှာ​လေး တစ်​ဖက်​လှည့်​သွား​လေ၏။

အချစ်စစ်၏ကံကြမ္မာ(Normal)Where stories live. Discover now