ဦးကမှန်းပြောတာတဲ့ လုံးဝအတည့်အကျကိုမုန်သွားတယ် ဦးကအမှန်းတော်သား ဦးဆီကပညာတွေယူပြီး အကိုအကြိုက်ကိုမှန်းကမယ်။

"နေပါစေ ကျနော်အိမ်စောစောပြန်ရမှာ ပြန်နင့်တော့မယ် … …

"နေပါအုံးအကိုရဲ့ … …

"သားဦးသွားပြင်တော့မယ်နော် ဒီကလင်းကိုလည်းအတူပြန်ပို့လို့ရတာပေါ့ … …

ဦးကပြောပြောဆိုဆိုနဲ့ ထွက်သွားတော့မှ ကျနော့်အကိုနားကပ်လိုက်ကာ အကိုလက်လေးကိုစုတ်ကိုက်ရင်း

"အကို တကယ်ပြန်တော့မှာလား လိုက်ခဲ့ပါလားဗျာ … …

"မလိုက်ပါဘူး မင်းတို့ကဆော်ငမ်းမှာလေ ငါပါတော့အနှောက်အယုက်ဖြစ်တာပေါ့ … …

ကျနော့်အကိုက လက်စသတ်တော့ သဝန်တိုနေတာပဲ။ နူတ်ခမ်းလေးဆူထားတော့ ချစ်ဖို့ကောင်းလိုက်တာဗျာ။ အကိုပါးလေးညစ်လိုက်ရင်း

"အကိုကလေ သဝန်တိုတာလေးက ချစ်စရာလေး … …

"ဟာ ဘယ်သူကသဝန်တိုလို့လည်း ပိုင်စိုးပိုင်နင်းနဲ့ ဟိုကိုင်ဒီကိုင်လာလုပ်နေတယ် … …

"ဟားးးး အဲတော့ ဘာဖြစ်လဲ ကိုချစ်သူပဲ ဘာကိုင်ကိုင်ပေါ့ဗျ … …

ကျနော်လည်းပြောရင်း အကိုခါးလေးကိုဆွဲဖက်ကာ အကိုလည်ပင်းလေးကိုနမ်းနေမိသည်။ တွန့်လူးနေတဲ့အကိုက

"ဟာ ခွန်းနော် မင်းပြောလေကဲလေမလုပ်နဲ့ လွှတ်အောင် အ … …

သူပြောလေပိုတင်းတင်းဖက်ထားလေမို့ မပြောပဲငြိမ်နေကာ အဖက်ခံနေသည်။ ချစ်ဖို့ကောင်းလိုက်တာ။ အကိုလည်တိုင်လေးကရတဲ့ ကိုယ်သင်းနံလေးက ကျနော့်ကိုဆွဲမက်စေသည်။ ဒီအနံလေးကို မှတ်ထားလိုက်ပြီ နှလုံးသားရဲ့မှတ်စုထဲမှာ ရင်ခုန်ခြင်း ဘောပင်နီလေးဖြင့်။

######$#####

ဦးမင်းသူရိန်

တံခါးနောက်ကွယ်ကနေ သူကိုစောင့်ကြည့်နေမိသည်။
သိပ်ပျော်နေတယ်ပေါ့ လင်း မင်းအရမ်းပျော်နေတယ်ပေါ့။ မင်းသိလား ကိုယ်မင်းကို အခုထိမေ့မရဘူးဆိုတာလေ။
မင်းကိုလွမ်းတိုင်း မင်းမဟုတ်တဲ့ လူတွေနဲ့ စိတ်ဖြေခဲ့ရတာကော မင်းသိလား။

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now