"ဆရာလေး ဆရာလေး … …

"ဗျာ ဟုတ်ကဲ့ … …

အန်တီဘယ်ချိန်ကတည်းခေါ်နေလည်းမသိ ခုမှသတိဝင်မိသည်။

"သားလေးကို ခေါ်ပေးရမလားလို့ … …

"ဗျာ ဟုတ်ခေါ်ပေးပါအန်တီ … …

ကျနော့်ကိုပြောအပြီး အန်တီအပေါ်တတ်သွားရင်း ခွန်းဆက်ပိုင်ကိုလှမ်းခေါ်နေသည်။ သူဆင်းလာရင် ကျနော်ဘယ်လိုမျက်နာပြရမလဲ။ သူကိုရင်ခုန်မိတဲ့အကြောင်းကို ဘယ်ကစပြောရမလဲ။ သူကိုပြဲံးပြပြီးပြောရမလား မျက်နာတည်နဲ့ပြောရမလား အသနားခံပြောရမလား ဘယ်လိုဘယါလိုပြောရမလဲ ။

သူမိတ်ဆက်ပေးလို့ ကြားလိုက်တဲ့ နာမည်ကြောင့် အနည်းငယ်လန့်သွားကာ အဲလူမဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းမော့ကြည့်လိုက်မိသည်။

ပါးစပ်မှ တားစီးမရပဲ ကျလာတဲ့ စကားသံကတော့ ထိုလူရဲ့နမ်စားတစ်ခုသာ

""ကိုမင်း … …

"အလင်း … …

"ကိုလင်းနဲ့ဦးမင်းကသိနေတာကြာပြီလား … …

"မသိဘူး …

"သိတယ် … …

"ဗျာ … …

ကျနော်ကမသိဘူးပြောပြီး ကိုမင်းကတော့သိတယ်ပြောနေတာကြောင့်ကောင်လေးဗျာတစ်လုံးပြောပြီးခေါင်းသာကုတ်နေတော့သည်။ သူကျနော့်တို့အကြောင်းကို ခွန်းဆက်ပိုင်ကိုပြောပြတော့မှာလား ခွန်းဆက်သိသွားရင်ကော ဘယ်လိုလုပ်မလဲ။ ကျနော့်ကိုဆက်ချစ်နိုင်ပမလား။

ကျနော်ချွေးများသာပျံနေတုံး သူဘက်ကစကားတစ်ခွန်းစလာခဲ့သည်။

"လင်းလေး နေကောင်းလား  … …

"ဟုတ်ကောင်းပါတယ် … …

"လင်းနဲ့ဦးက အမှတ်တမဲ့ခင်မိကျတာပါ ဦးနိုင်ငံခြားမသွားခင်တုံးကပေါ့ … …

"အော်ဟုတ်ဦးမင်း ဒါဆိုထွေထွေထူးထူးမိတ်ဆက်စရာမလိုတော့ဘူးပဲ ဒါနဲ့အကိုလင်းက ဘာလို့ရောက်လာတာလဲ … …

မေးလာတဲ့ခွန်းကို ကျနော်ပြောသင့်ရဲ့လားဆိုတာတွေဝေနေမိသည်။ ကျနော်သူကိုချစ်ကြောင်းပြောရင်သူစိတ်လေသွားမလား ။ ဘယ်လိုလုပ်ပေးရမလဲ။ စိတ်ညစ်ပါတယ်။

ဤချစ်ခြင်းမှ........(Z&U)♥completedOnde histórias criam vida. Descubra agora