"ကိစ္စတွေတောင်ဒီလောက်ထိရောက်နေပြီ ငါ့ကိုဘာအကြံပေးမလို့လဲ ငါ့ကိုနှစ်သိမ့်ပေးစရာမလိုဘူး ငါ့ကိုငါ အရှုံးသမားလို့သတ်မှတ်ပြီးသားမို့"

"မင်းအခုထိအဲ့တာကိုအာရုံစိုက်နေတုန်းလား ငါဒီမနက်စောစောနန်းတော်မဖွင့်သေးလို့ လမ်းလျှောက်ထွက်နေတုန်းက ပြည်သူတွေအရမ်းပျော်နေကြတာ သူတို့ဘာပြောကြလဲသိလား မင်းကြီးက ကျင်းလျို့ကဆိုပေမယ့် ကြင်ယာတော်က သူတို့တိုင်းပြည်ကလူဖြစ်နေလို့ သူတို့လိုပြည်သူတွေကို ကြင်ယာတော်ကမကာကွယ်ပဲမနေပါဘူးတဲ့ ပြီးတော့ မင်းကြီးကလဲ သူတို့ကိုခွဲခြားမဆက်ဆံဘူး စတဲ့စတဲ့ကောင်းစကားတွေမှအများကြီး ၀မ့်ရန်ရွီးကမင်းအချစ်ကိုမရယူနိုင်ခဲ့ပေမယ့် ချီပြည်သူတို့ရဲ့နှလုံးသားကိုတော့ အနိုင်ရခဲ့တယ်"

စုရီမျက်လုံးတို့ပြူးကျယ်သွားလေပြီး ရင်ထဲဆိုင်းတို့ဗုံတော့ဆင့်ကုန်၏။

"ဘယ်လိုဖြစ် ဘယ်လို ဖြစ်နိုင်မှာလဲ ချီတိုင်းပြည်ကိုနည်းနည်းတောင်သစ္စာမစောင့်ကြတော့ဘူးလား သူတို့ကဘာလို့ သူ့ကိုပဲချီးကျူးနေကြတာပဲ"

"အင် ဘာလို့လဲဆိုတော့ လုံလုံခြုံခြုံနေရတဲ့ခွေးအဖြစ်က ကပ်ဆိုးကြားနေရတဲ့လူထက်မြတ်နေလို့ပေါ့ လူတွေပြောကြတယ် သူတို့မှာတိုင်းပြည်ရှိရင်အဲ့ဒါသူတို့အိမ်ပဲတဲ့ ချီကအဲ့စကားမှားတယ်ဆိုတာသက်သေပြခဲ့တာပဲ အင်း  ပြောချင်တာက မင်းအဲ့ကိစ္စကိုစိတ်မပူဖို့ပဲ ဒီ ဒီလောက်ထိတောင်ရောက်ပြီဆိုတော့ မင်းကြိုက်ကြိုက်မကြိုက်ကြိုက် အခြေအနေမပြောင်းဘူး အဲ့ကြောင့်စိတ်လျော့လိုက်တော့ ရိုး  ရိုးကျီ မင်းကိုတောင်းပန်ပါတယ် မင်းဒီရာထူးမှာနေရပြီဆိုတော့ မင်း မင်း တိုင်းပြည်ရဲ့  ဒီတိုင်းပြည်ရဲ့မယ်မယ်တစ်ဦးအနေနဲ့ကိုက်အောင်ကိုယ်ကိုကိုယ်ပြုမူသင့်တယ် မင်း ၀မ့်ရန်ရွီးကို တိုင်းပြည်ရေးရာကူညီရင်ငါတို့အမိမြေမှာ ရွေရောင်လွှမ်းတဲ့ကာလဖြစ်လာနိုင်တယ်"

စုရီခေါင်းငုံ့ရင်းတိတ်နေသဖြင့် ၀မ့်ရန်ရွီးပြန်လာသည်ကိုသတိမထားလိုက်မိ။ ကျင်းဟွကပင်မြန်မြန်ထရင်း ထွက်သွားရန်ပြင်လိုက်သော်လည်း ဘုရင်သစ်က စိတ်ကြည်စွာပင်

ခယောင်းလမ်းကကြင်ရာတော်(mmtrans)ခယောင်းလမ်းကကြင်ရာတော်Where stories live. Discover now