"ခွန်း ဟျောင့် ခွန်းဆက်ပိုင် … …

"ဗျာ အချစ်လေး အဲမှားလို့ ဗျာဆရာ … …

ကိုယ့်ပါးစပ်သာကိုယ်ရိုက်ပါလိုက်ချင်တယ် ယောင်ပြီးတောင်ထွက်သွားသေးတယ်တဲ့။

"ဘယ်ကကောင်မလေးအကြောင်း တွေးနေတာလဲ … …

***လူကိုစိုက်ကြည့်နေတာ မသိဘူးများထင်နေလားမသိဘူး ဒီကောင်လေး အရမ်းစိတ်ကစားတာပဲ ခုလည်း ဘယ်ကကောင်မလေးအကြောင်းစဉ်းစားနေတာလဲမသိဘူး ဒေါသထွက်လိုက်တာကွာ။ ငါကဒေါသထွက်နေတာလား ဘာလို့လဲ ။ဟာ စာအာရုံမစိုက်လို့နေမှာပါ***

"မဟုတ်ဘူးဆရာကလည်း ကောင်မလေးအကြောင်းမဟုတ်ဘူး  … …

"အဲဆိုဘယ်သူလဲ … …

ဆရာအကြောင်းလေ အလင်းလေးဆိုတဲ့ ကျနော်ဘဝရဲ့အလင်းရောင် ဆရာအကြောင်းလေလို့စိတ်ထဲကသာပြောနေမိသည်။

"ကောင်လေးအကြောင်းပါ …

"မင်းက ကောင်လေးတွေစိတ်ဝင်စားတယ်ပေါ့ … …

"ကောင်လေးတိုင်းမဟုတ်ဘူး ကောင်လေးတစ်ယောက်ကိုပဲ သူတစ်ယောက်တည်းအကြောင်းကိုပဲ … …

***လူကို အကြည့်စူးစူးတွေနဲ့ စိုက်ကြည့်ကာပြောနေတော့ မနေတတ်တော့ဘူးလေ ချွေးတွေတောင်ပြန်လာတယ်။ သူကဟိုမို(lgbt)လား ။ သူကြိုက်နေတဲ့ကောင်လေးက ဘယ်သူများလဲ။ ***

ကျနော်ပြောနေတုံး တွေဝေကာ မျက်နာ အရောင်မိုင်းသွားသည်။ ဆရာမျက်နာလေးက ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်မေးခွန်းတွေက ကျနော့်ခေါင်းထဲ တသီကြီးဝင်လာခဲ့သည်။ဆရာရယ်ချစ်တယ်ဗျာ ဆရာနဲ့တပည့်ဆိုတဲ့စည်းသာမရှိရင် ဆရာနားကို အမြန်တိုးကပ်ချင်မိတယ်။

တစ်ပတ်လောက်ကြာတော့ ဆရာစာစစ်ဖို့ ပြင်နေပြီလေ ဘာလို့လဲဆိုတော့ ဒုတိယအကြိမ် လပတ်ကစတော့မှာလေ အဲတော့ သူနှစ်ပတ်အကြိုစာတွေ စစ်ဖို့ ကျနော့်ကိုကျက်ခိုင်းနေသည်။ ဒီနေ့ညနေစစ်မှာမို့ ကျောင်းဆင်းတာနဲ့ ဆရာနဲ့အတူ ကားစီးရင်း အိမ်ကိုပြန်လာခဲ့သည်။ ဆရာဘေးထိုင်ရင်း စာကျက်နေမိသည်။ ကားအတူစီးဖို့ မနည်းပြောလိုက်ရတာဗျာ ။

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now