ကိုယ်အလှကိုငေးရင်းမဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ ဆံစများကိုသလိုက်သည်။ အမြဲလိုလို ဝမ်းဝေးကို လှန်တင်တတ်တာကျွန်တော့်စတိုင်ပင်။
ပြင်ဆင်ပြီးတာနဲ့ အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။
"ဟေ့ကောင် ခွန်းဆက် မနက်စာမစားဘူးလား … …"
ဖေဖေရဲ့အော်သံကြောင့် အိမ်ပေါက်ဝရောက်နေတဲ့ ခြေလှမ်းတို့ရပ်တန့်သွားသည်။ ဆူခံရမှာစိုးလို့ အပေါက်ဝထိ တိုးတိုးလေးလာပါတယ်ဆို။
"ဗျာဖေဖေ … မစားတော့ဘူး … …"
"မင်းကငါ့ကိုစောက်ဂရုမစိုက်တာလား … …"
"ဟာဗျာ မဟုတ်ကပါဘူး … … "
"သေချာလို့လား မင်းငါရှိရင်နာပူမှာစိုးလို့မလား … …"
စပါပြီ ရစ်တာတွေ။ ဖေဖေဟာလေ မိန်းကလေးသားဖြစ်ကြည့် ငါ့ဘဝတော့ မတွေးရဲစရာပဲ။
"သား သားသွားပြီဗျာ … …"
"ဟေ့ကောင် ဟာ ဟိတ်ကောင် ခွန်းဆက် … …"
"ဟဲ့ကောင်လေး သား … …"
ဆက်နေရင် နားပူမယ်ဆိုတာ သိနေတာကြောင့် အမြန်လစ်ထွက်လာလိုက်ကာ။ ကျွန်တော်ဒါရိုက်ဘာမောင်းမယ့် ကားအဖြူလေးအပေါ်အမြန်ပြေးတတ်လိုက်သည်။ နောက်မှာတော့ဖေဖေရဲ့ ဆဲသံများက လေနဲ့အတူလိုက်ပါလာခဲ့သည်။
ကျောင်းပေါက်ရောက်တော့ ကားပေါ်ကဆင်းလာလိုက်ရင်း
"အော် ဦးဖုန်း ညနေလာမကြိုနဲ့နော် … …"
"ဟာ အကိုလေးအမေက … …"
"ကျနော်ရှင်းလိုက်မယ် … …"
ပြောရင်း ကျောင်းပေါက်ဝသို့လှည့်ထွက်လာလိုက်သည်။ ကျောင်းကငါးထပ်ကျောင်းကြီးပါ။ ကိုယ်ပိုင်ကျောင်းဖြစ်တာကြောင့် လာတတ်တဲ့ကျောင်းသားတိုင်းက အသိုင်းအဝိုင်းတစ်ခုစီကပါပဲ။
ကျောင်းခန်းဘက်သို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ မိန်းကလေးတိုင်းရဲ့ တိုးတိုးနဲ့ ချီးမွန်းခန်းတွေက မကြားချင်လဲကြားနေရတာ နေ့တိုင်းလိုလိုပါ။
ကျောင်းခန်းထဲဝင်လာပြီး အတန်းနောက်ဆုံးကို ဝင်ထိုင်လိုက်သည်။ တစ်ယောက်ထိုင်ခုံတွေမို့ သူငယ်ချင်းတွေနဲ့ရှေ့နောက်ဘေး ကွာနေသည်။
أنت تقرأ
ဤချစ်ခြင်းမှ........(Z&U)♥completed
عاطفيةကျောင်းဆရာလေးနဲ့ ဆယ်တန်းကျောင်းသားလေးရဲ့ ချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ကျောင်းသားsekeလေးနဲ့ ကျောင်းဆရာUmeလေး😁😁😁။ Jul-8ရက်,2019 ခုနှစ်တွင် facebook ပေါ်တွင် စတင်ရေးသားခဲ့သည်။
Part-1
ابدأ من البداية